ကိုယ့်နှလုံးသားပိုင်ရှင်...
Unicode
"ဖြူမမှာတတ်ရင် ကိုယ်စီစဥ်ပေးမယ်..ညီလေး..အစ်ကိုတို့ကို ဒင်ဆမ်းအစုံချမယ်..ပြီးတော့ လ္ဘက်ရည်ကို စည်လုံတီးတစ်ခွက် ပုံမှန် နှစ်ခွက် ချပေးနော်..မုန်ဟင်းခါးရတယ်မလား..အဲ့ဒါဆို မုန့်ဟင်းခါး သုံးပွဲ..ရွှေတောင် တစ်ပွဲ..ရပြီ..အဲ့ဒါပဲ"
"သားရယ်..များလိုက်တာ..ကြီးနုတို့ မုန့်လေးနဲ့လ္ဘက်ရည်လေးနဲ့ဆိုရင် ဗိုက်ပြည့်နေပြီဟာကို"
"အားမနာပါနဲ့ဗျာ..ကျွန်တော်က တခါတလေမှ ကြီးနုတို့ကို ဒီလိုကျွေးဖြစ်တာဆိုတော..သေချာ ကောင်းကောင်းလေး စားစေချင်လို့ပါ"
"ဟုတ်ပါပြီ..ဒါနဲ့..သားတို့နှစ်ယောက် မိဘတွေ
အိမ်မှာ သွားနေတယ်ကြားတယ်..အဲ့ဒါ ဖယောင်းလေးကိုရော လက်ခံကြရဲ့လား..သား"
"အင်း..အခုလည်း အဲ့ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော် ကြီးနုတို့ကို အကူညီတောင်းချင်နေတာ..ဒီလိုပါ..အမေက ဖြူ့ကို ခါးခါးသီးသီးဆက်ဆံတာတော့မဟုတ်ပေမယ့် လိင်တူဖြစ်နေတော့ နည်းနည်းတော့သဘောမကျဘူးပေါ့ ကြီးနုရယ်..ဒါပေမယ့် အခုဆို နည်းနည်းတော့ လက်ခံလာပြီလို့ပဲ ပြောရမှာပေါ..
..ခက်တာက အခြေနေလေး ေကာင်းလာရုံရှိသေး..မနေ့က ဦးမင်းထိုက်က..ကျွန်တော် ခရီးကပြန်မရောက်ခင်..အိမ်လာပြီးဖြူ့ကို သူ့အိမ်သူပါဆိုပြီး.အမေအထင်လွဲအောင် လုပ်ခဲ့တယ်လေ..အဲ့ဒါနဲ့.."
"ဟယ်..အဲ့လူကြီး အကိုတို့အိမ်ထိတောင် ရောက်လာတယ် ဟုတ်လား!..ဒါတော့ တော်တော်လွန်သွားပြီ..အဲ့ဒါလေ မမလေးရွက်နုပဲ ဖယောင်းလေးအကြောင်းကို ပြောလိုက်တာဖြစ်ရမယ်..နို့မို့ဆို ဦးမင်းထိုက်က ဖယောင်းလေး ဘယ်မှာရှိနေမှန်းတောင် သိမှာမဟုတ်ဘူး"
"အကိုလည်း နောက်ကွယ်က တရားခံက ရွက်နုဖူးပဲလို့ ထင်ပါတယ်..တကယ်ဆို သူ ဖြူ့ကို ထပ်ပြီး နှိပ်စက်လို့မရအောင် အကို အဲ့ဒီအိမ်ကနေခေါ်ထုတ်လာခဲ့တာ..ဒါပေမယ့်
အခုလိုမျိုး သူထပ်ပြီး ဒုက္ခပေးနေတော့ အကိုလည်း ကြာရင်သည်းခံနိုင်မယ်မထင်တော့ဘူး.."
ŞİMDİ OKUDUĞUN
ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)
Romantizmအရောင်တွေကင်းမဲ့တဲ့ ဖယောင်းတိုင်လေးမှာ တစ်သက်တာထာဝရ ကိုယ့်အချစ်မီးစာလေး ထွန်းညှိလို့ထားချင်သည်... Main character-ပိုင်စိုးသူ❤ဖယောင်းဖြူ A/N:Ukeအလှလေး ပုံစံမျိုးကို သဘောကျလို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ဒါကြောင့် ukeက Sissy type နဲ့Weak ဖြစ်တာမျိုးကိုမ...
