Ep(16)

351 18 0
                                        

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"စားလို့လည်း ပြီးပြီဆိုတော့ အဓိကလိုရင်းကိုပဲ ပြောတော့မယ်ဗျာ..ဒီလိုပါ..ကျွန်တော့်သမီးနဲ့သားက
နှစ်ဦးသဘောတူညီ မေတ္တာမျှနေကြတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ..အဲ့ဒါ သူတို့က ဘွဲ့ရပြီးရင် လက်ထပ်ဖို့ ဆန္ဒရှိကြတယ်ဆိုတော့ အခုနှစ်ထဲမှာ နေ့ကောင်းရက်သာရွေးပြီး အရင်စေ့စပ်ထားလိုက်ရင် ကောင်းမလားဆိုတာလေး ဆွေးနွေးချင်တာပါ..ကျွန်တော်ပြောချင်တာကတော့ ဒါပါပဲ..
ဥက္ကဌတို့ဘက်က ဘယ်လိုသဘောရလဲခင်ဗျ"

ပိုင်စိုးတို့သားအဖ ခန့်မှန်းထားတာနဲ့ ကွက်တိပင်။ရွက်နုဖူးက ဘယ်လောက်တောင် သူ့မိဘတွေကို ပြောထားလဲမသိ။ဦးသိန်းထူးက ပိုင်စိုးလိုသမက်ကောင်းရပြီဆိုပြီ ပျော်နေတဲ့ မျက်နှာက ဖုံးဖိမရအောင် ပေါ်လွင်နေသည်။

"ဟုတ်ကဲ့ပါ..ကျွန်တော့်ကိုအချိန်ခဏလောက်ပေးပါ ကိုသိန်းထူး..သမီးရွက်နုဖူးနဲ့ မေတ္တာမျှနေတယ်ဆိုတဲ့ ကိစ္စကို အခုမှ သိလိုက်ရတာဖြစ်တဲ့အတွက် ကျွန်တော့်သားကို အရင်မေးပါရစေ..
..ပြီးရင်တော့ အခြေနေပေါ်မူတည်ပြီး စကားဆက်ကြတာပေါ့ဗျာ"

ပိုင်စိုးတို့မိသားစုလေးယောက်မှာ အမေကလွဲလို့ ကျန်တဲ့သူတွေက ရွက်နုဖူးရဲ့ကောက်ကျစ်တဲ့အကြံစည်ကိုသိပြီးသားမို့ ဘာမှမတုန်လှုပ်။ဖြူကတော့ ဒီအကြောင်းတွေက သူ့အတွက်မထူးဆန်းသလိုမျိုး မျက်လွှာချပြီး နူတ်ဆိတ်၍သာနေသည်။

"သား..ပိုင်စိုး..သမီးရွက်နုဖူးနဲ့ ချစ်သူတွေဖြစ်နေတာ အဖေ့ကို ဘာလို့မပြောခဲ့တာလဲ..ဘာလဲ အဖေတို့သဘောမတူမှာစိုးလို့လား..ဒါမှမဟုတ် အခြားအကြောင်းကြောင့်များ.."

"အစကတည်းက သူနဲ့ကျွန်တော်နဲ့က ဒီနေ့ဒီအချိန်အထိ သူငယ်ချင်းအဆင့်မှာပဲ ရပ်တန့်နေတဲ့အတွက် မိဘတွေကို ဖွင့်ပြောစရာမလိုဘူးလို့ သားထင်လို့ပါ..
တကယ်တော့ သားတကယ်မြတ်မြတ်နိုးနိုးချစ်နေတဲ့ သူက သပ်သပ်ရှိတယ်..သူက အန်ကယ်တို့သမီးမဟုတ်ဘူး"

"ဘယ်လို..မီးငယ် သူပြောတာအမှန်ပဲလား.."

"မဟုတ်...မဟုတ်ဘူး..ပိုင်လိမ်နေတာ မာမီ..သမီးတို့က ချစ်သူတွေပါ..ရွက်နုပြောတာ ယုံပေးပါ မာမီ..မယုံရင် သမီးသူငယ်ချင်း ဟန်နီကိုမေးကြည့်လို့ရတယ်..တနေ့ကတောင် သူ့တိုက်ခန်းကို သမီးတို့သွားခဲ့သေးတယ်"

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Opowieści tętniące życiem. Odkryj je teraz