Ep(4)

308 18 0
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"ပိုင်စိုးက တတိယနှစ်အထိ ကောင်မလေးရှိခဲ့တာပေါ့ဟ..နင်ကလည်း ဒီအရွယ်ရောက်မှ အမြီးမပေါက်တဲ့မျောက်ရှိလို့လား"

"စကားကို တည်တည်တန့်တန့်ပြော သုတ...ငါမေးတာဖြေဦး..အဲ့ဒါဆို သူက အခု ရည်းစားရှိတယ်ပေါ့ ဟုတ်လား"

"မရှိတော့ဘူး ပြတ်သွားပြီ..ကောင်မလေးက နည်းနည်း စိတ်ဓာတ်မပြည့်ဝလို့ ပိုင်စိုးဘက်က အရင်ဖြတ်လိုက်တာ..သိတယ်မလား..သူက ရုပ်ရည်ထက်
စိတ်နေစိတ်ထားကို အဓိကကြည့်တဲ့ကောင်ဆိုတော့ ချစ်ပေမယ့်လည်း..မဆက်သင့်တဲ့ ဇာတ်လမ်းကို အပြီးဖြတ်လိုက်တဲ့သဘောပဲပေါ့"

"အဲ့ဒါဆိုရင်တော့ သေချာသွားပြီ..ပိုင်က ငါ့ကိုမကြာခင် ချစ်လာမှာ သေချာသလောက်ပဲ..ဘာလို့လဲဆိုတော့ ငါက စိတ်ထားလည်းကောင်း..ရုပ်ရည်ဆိုလည်း လုံးဝ perfect..ဟော..နောက်ခံအင်အား
ကြည့်ဦးမလား..ငါ့ရဲ့ပိုင်ဆိုင်မှုက ဒုနဲ့ဒေးဆိုတာ နင်အသိပဲလေ..အဟင်း ပျော်လိုက်တာ..ပိုင်က ငါ့ချစ်သူကောင်လေးဖြစ်တော့မယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် ပျော်လိုက်တာဟာ"

သုတမှာ အချစ်ရူးမလေးကိုကြည့်ပြီး ဘာမှမပြောနိုင်တော့ ခေါင်း သာတွင်တွင်ခါရင်း သက်ပြင်းချမိသည်။

"နေဦး ငါသိချင်တာရှိသေးတယ်..ပိုင်က အခုသူ့အဖေကုမ္ပဏီမှာ ဝင်လုပ်နေတယ်ဆိုတာ ဟုတ်လား"

"ဟုတ်တယ်လေ..ပိုင်စိုးက အရမ်းတော်တာဟ..အခု ဆို သူ့ကိုယ်ပိုင် local brandတစ်ခု စျေးကွက်ထိုးဖောက်နိုင်ဖို့ ပြင်ဆင်နေပြီ..အတိအလင်းမကြော်ငြာသေးတာပဲရှိတာ.."

"တကယ်..ငါထင်တယ် ပိုင့်ကိုမြင်လိုက်ကတည်းက..အရည်ချင်းရှိတဲ့လူတစ်ယောက်ဆိုတာ ငါခန့်မှန်းလိုက်တာနဲ့ ကွက်တိမှန်တယ် တွေ့လား..ငါဆုံးဖြတ်လိုက်ပြီ ပိုင့်ကို ငါဖွင့်ပြောလိုက်တော့မယ်..
..တ​နေ့ ပိုင်က ရွက်နုဖူးအပိုင်ပဲ ဖြစ်လာရမယ်ဟာ"

ဖူးဖူးရဲ့နောက်ထပ်မေးလာဦးမယ့် အရာတွေ မဖြေချင်တော့တာကြောင့် ကြီးနုတို့ရှိတဲ့ kitchen roomကိုပဲ သုတ ထွက်လာလိုက်သည်။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Donde viven las historias. Descúbrelo ahora