Ep(5)

295 18 0
                                    

ကိုယ့်နှလုံးသားပိုင်ရှင်..

Unicode

"သုတ..အဲ့ဒါ ဘယ်သူလဲ..သော်တာမနက်က လာတော့ မတွေ့မိပါဘူး"

"အော် အဲ့ဒါ..ဖူးဖူး အဖေရဲ့ တူလေ..နာမည်က ဖယောင်းဖြူတဲ့..ပြီးတော့ သူက ယောက်ျားလေး.."

"ဟမ်..ယောက်ျားလေးလား!.."

"အေး ဟုတ်တယ်..မိန်းကလေးအဝတ်စားတွေဝတ်ထားပေမယ့်..သူကတကယ်တော့ ယောက်ျားစစ်စစ်တယောက်ဟ..နင်သေချာကြည့်"

သော်တာ ခပ်လှမ်းလှမ်းက ဖယောင်းဖြူဆိုတဲ့ကောင်လေးကို သေချာအကဲခတ်ကြည့်မိသည်။ပုခုံးလောက်ရှိသည့် ဖြောင့်စင်းနေတဲ့ ဆံပင်လေးတွေကို တစ်လွှာသိမ်းကာ ကလစ်နဲ့ညှပ်ထားပြီး ထောပတ်သီးရောင် အပေါ်အောက် ေဗြာင်ဝမ်းဆက်လေးကို ရိုးရိုးရှင်းရှင်းလေး ဝတ်ထားသေးသည်။ပြီးတော့ သနပ်ခါးပါးပါးလေး ကွက်ထား
သည့် မျက်နှာလေးကလည်း ကြည်ရှင်းလို့နေတာကြောင့် ​ကြည့်လိုက်တာနဲ့ အေးချမ်းမှုကို ခံစားရစေသည်။

ဘေးနားက အကိုဖြစ်သူကတော့ ဇကာထဲက
ပန်းတွေကူသီပေးလိုကိ စကားပြောလိုက်လုပ်နေ
ပေမယ့် ဖယောင်းတိုင်လေးကတော့ အပြုံးအရယ်နည်းစွာ ကိူကြီးပြောသမျှ ခေါင်းလေးငြိမ့်လိုက် တစ်ခွန်းနှစ်ခွန်းပြောလိုက် လုပ်နေတာကြည့်ပြီး သော်တာမှာ အသည်းယားလာရသည်။

"သုတ သေချာ ကြည့်ကြည့်စမ်း..အဲ့ဒီ ဖယောင်းတိုင်လေးနဲ့ သော်တာ့အကိုကြီး ယှဥ်ထိုင်နေတာ တကယ်လိုက်ဖက်ချက်နော်..ကြည့်ပါဦး အဝတ်စားကလည်း အရောင်ဆင်နေတယ် ဒါဖူးစာပဲ ခစ်ခစ်"

"ဟ..မိသော်တာ..နင်ကဟာ..နင့်အကိုကို မိန်းမ မရှာပေးတဲ့အပြင် ယောက်ျားလေးချင်းပါ ပေးစားနေတယ်..တကယ်ရှားမှရှား ညီမ"

"အဲ့တော့ဘာဖြစ်လဲဗျာ..ကိုကြီးချစ်တဲ့သူက ယောက်ျားဖြစ်ဖြစ် အရူးဖြစ်ဖြစ် သော်တာကတော့ လက်ခံပေးမှာပဲ..ပြီးတော့ အချစ်မှာ အသက်ရွယ် ကြီးတာငယ်တာ လိင်ခွဲခြားမှုမရှိ ဘူးဆိုတာ ခင်ဗျားမသိဘူးလား..ဒါကြောင့် နောက်တခါ သော်တာရှေ့မှာ လိင်တူစုံတွဲတွေကို ရွံသလိုလို ရှုတ်ချသလိုလို လာမလုပ်ပြနဲ့..ခင်ဗျားနဲ့ကျွန်တော့်ကြားက ခင်မင်မှုပါ ပျောက်ပျက်သွားရလိမ့်မယ်"

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now