ကိုယ့်နှလုံးသားပိုင်ရှင်
Unicode
"အဲ့ဒီနေ့က ဦးညိုရော.. မယ်နု ဖြိုးဖြိုးပါမကျန် ဖယောင်းလေးကို ကာကွယ်ပြီး ဝင်ဆွဲပါသေးတယ်..ဒါပေမယ့် မမလေးက ဒေါသစိတ်နဲ့ ဦးလေးတို့ကို..တွန်းထုတ်ပြီး ကလေးကို ထပ်ရိုက်
တယ်လေ..ဦးညိုတို့ မှာ..သူ့အလုပ်သမားဖြစ်နေတော့...ဒီအတိုင်းကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး.."
ဖြူ့ရဲ့ငိုနေမယ့်မျက်နှာလေးကို မြင်ယောင်မိပြီး ရင်ဘတ်ထဲ အပ်နဲ့စွနေသလို စူး
အောင့်နာကျင်လာရသည်။
ကိုယ့်မှာ မထိရက်မကိုင်ရက်နဲ့ မြတ်နိုးရတဲ့သူလေးကိုမှ မင်းမို့လို့လုပ်ရက်တယ် ရွက်နုဖူးရာ။
"အခု ဦးညိုအဓိကပြောချင်တာက..သားက မမလေးချစ်သူဖြစ်နေတဲ့အတွက်..ဖြစ်နိုင်ရင် ဒီအိမ်မှာ ဖယောင်းလေးကို မရှိသလို သဘောထားပေးပါ သားရယ်..ကလေးက ငယ်ငယ်လေးနဲ့ လောကဓံရဲ့ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရတာဆိုတော့..ဒီထက်ပိုပြီး နာကျင်မှုတွေခံစားရရင် အဲ့ဒီကလေး ခံနိုင်ရည်မရှိတော့ဘူးဆိုတာ ဦးညိုသိနေတယ်..သား.."
"ဟာဗျာ..ဦးလေးတို့ အထင်မှားနေပြီ
သူနဲ့ကျွန်တော်နဲ့က ချစ်သူတွေမဟုတ်ပါဘူးဗျ..ရွက်နုဖူးက ဒီအိမ်မှာ အဲ့လိုပဲပြောထားလို့လား..ဟုတ်လား..ဦးလေး"
"အဲ့လိုတော့ မပြောပေမယ့်..အဲ့ဒီနေ့က..ဖြစ်သွားတဲ့ပြသနာမှာ.. မမလေးက သားနဲ့ပက်သက်ပြီး သဝန်တိုလွန်းတာကြောင့်မဟုတ်လား..အဲ့ဒါကြောင့် ဦးညိုတို့က သားတို့နှစ်ယောက်ကို ချစ်သူတွေဆိုပြီး ခန့်မှန်းလိုက်တာပါ..
..မဟုတ်ဘူးဆိုရင်တော့ ဦးညိုတောင်းပန်ပါတယ် သားရယ်"
ပိုင်စိုးသိတယ် ရွက်နုဖူး ဖြူ့ကိုအပြစ်မရှိဘဲ ကိုယ်ထိလက်ရောက် နှိပ်စက်ရတဲ့အကြောင်းရင်းက အဲ့ဒီနေ့က ဖြူ့ကို သူ့ထက်ပိုပြီး အရေးပေးဆက်ဆံနေတော့ ရွက်နုဖူးက
မနာလိုဖြစ်သွားတာ။ပိုင်စိုးတို့အရှေ့မှာတော့ ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမယ့် အိမ်ရောက်မှ ဖြူ့ကိုဒေါသတွေပုံချခဲ့တာ။
"မလိုပါဘူး ဦးညို..ဒီပြသနာကို မီးမွှေးတဲ့သူပဲ တောင်းပန်ရမှာ..ကျွန်တော်လည်း ဖြူ့မျက်နှာတစ်ခုတည်းနဲ့ သူ့ကိုသည်းခံနေခဲ့တာ..မဟုတ်ရင် ဒီလို စိတ်ထားသေးသိမ်တဲ့သူကို ဆက်ပြီးအလိုက်သင့်နေပေးစရာအကြောင်းကိုမရှိတော့ဘူး"
ESTÁS LEYENDO
ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)
Romanceအရောင်တွေကင်းမဲ့တဲ့ ဖယောင်းတိုင်လေးမှာ တစ်သက်တာထာဝရ ကိုယ့်အချစ်မီးစာလေး ထွန်းညှိလို့ထားချင်သည်... Main character-ပိုင်စိုးသူ❤ဖယောင်းဖြူ A/N:Ukeအလှလေး ပုံစံမျိုးကို သဘောကျလို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ဒါကြောင့် ukeက Sissy type နဲ့Weak ဖြစ်တာမျိုးကိုမ...
