ကိုယ့်နှလုံးသားပိုင်ရှင်Unicode
"ဒယ်ဒီ..ဒီနေ့ companyမသွားဘူးလား.."
အရင်နေ့တွေနဲ့မတူ မနက်စာကို စိမ်ပြေနပြေစားပြီး အေးဆေးဖြစ်နေတဲ့ ဒယ်ဒီကြောင့် ရွက်နုအံ့အားသင့်နေရသည်။အရင်ဆို မနက်ငါးခွဲကတည်းက ကုမ္ပဏီရောက်နေတတ်တဲ့ အချိန်တိကျသူမလား။
"မီးငယ်..ဒယ်ဒီက မီးငယ်ကို ေဒါသထွက်နေတာနော်..စကားသွားမပြောနဲ့ဦး"
မာမီက တီးတိုးပြောပြီး မနက်စာဆက်စားနေလေသည်။
"ဒယ်ဒီ..စိတ်မဆိုးပါနဲ့...နော်..ဒယ်ဒီအဲ့လိုကြီးလုပ်နေရင် သမီးက ဘယ်လိုလုပ်ရမှာလဲ..ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်လို့ လိမ်လိုက်မိတာ..အဲ့လောက်ထိ အပြစ်ကြီးသွားတာလား..ဟင်..ဒယ်ဒီလို့"
"အရင်က သမီးဘယ်လိုပုံစံမျိုးနဲ့ ဆိုးဆိုး ဒယ်ဒီ သည်းခံနိုင်တယ်..ရွက်နုဖူး..အခု ကိစ္စနဲ့ပက်သက်ပြီး အပြစ်ရှိလားမေးရင်တော့ သေချာတာပေါ့..သမီးက လူပုံအလယ်မှာ မိဘတွေအရှက်ရအောင် လုပ်လိုက်တာ ဖြစ်သလို အခုဆို ဥက္ကဌကို ဘယ်လိုမျက်နှာပြရတော့မလဲ..သမီး ဒယ်ဒီနေရာဝင်ခံစားကြည့်.."
"အဲ့ဒါက ခဏပါ ဒယ်ဒီရာ..နောက် ဒယ်ဒီစိတ်ပြေသွားတဲ့အခါကျရင် ပိုင်စိုးနဲ့နီးစပ်ဖို့ ကူညီပေးပါဦး..နော်..ဒယ်ဒီ.."
"မရဘူး..ဒီတစ်ခါတော့ သမီးအလိုကို ဒယ်ဒီမလိုက်လျောပေးနိုင်ဘူး..သွား..စားပြီးရင် မြန်မာဝတ်စုံ သွားလဲထား..သပ်သပ်ရပ်ရပ်ရှိပါစေနော်..ခဏနေရင် ဧည့်သည်တွေ လာလိမ့်မယ်..မင်းရောပဲ..ဒီနေ့ ဘယ်မှလှိမ့်ဖို့ စိတ်မကူးနဲ့"
"ဟောတော်..မဆိုင်တာတွေ..ရှင့်ဧည့်သည်လာတာ ကျွန်မက ဘာလုပ်ရမှာလဲ..မဖြစ်ပါဘူး..ဒီနေ့ မယ်ရီတို့နဲ့ shopping dateဖို့ ချိန်းထားတယ်..ခဏနေရင် သွားတော့မှာ..ကိုယ့်ဧည့်သည် ကိုယ့်ဘာသာကြည့်ရှင်း..ဒါလီတို့ကတော့ စိတ်ရှုပ်မခံနိုင်ဘူး"
"အေး..ကောင်းတယ်..မအေက အဲ့လိုပုံစံဖြစ်နေမှတော့ သမီးဖြစ်သူက အထိန်းအကွပ်မဲ့နေတာ သိပ်မဆန်းတော့ဘူး. မင်းအဲ့လို အပျော်ပါးတွေနဲ့သာ ကြပ်ကြပ်အချိန်ကုန် ဒါလီနွယ်..ရှိသမျှ ဘဏ်ကတ်တွေ ငွေသားကအစ ငါအကုန်ပြန်ထိန်းချုပ်ရလိမ့်မယ်"
أنت تقرأ
ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)
عاطفيةအရောင်တွေကင်းမဲ့တဲ့ ဖယောင်းတိုင်လေးမှာ တစ်သက်တာထာဝရ ကိုယ့်အချစ်မီးစာလေး ထွန်းညှိလို့ထားချင်သည်... Main character-ပိုင်စိုးသူ❤ဖယောင်းဖြူ A/N:Ukeအလှလေး ပုံစံမျိုးကို သဘောကျလို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ဒါကြောင့် ukeက Sissy type နဲ့Weak ဖြစ်တာမျိုးကိုမ...