ကိုယ့်နှလုံးသားပိုင်ရှင်...
Unicode
Ring..Ring....
"..ကိုကြီး ဖုန်းလာတယ်..သုတအောင်ရဲ့ဖုန်း..ရော့..ကိုင်လိုက်ဦး..."
ပိုင်စိုးတစ်ယောက် ညီမငယ် သော်တာဝန်းရဲ့ ခိုင်းစေချက်အရ ခြံထဲက စကားဝါပင်ကြီးမှာ အလှမီးကြိုးတွေ ခုံနဲ့တပ်ဆင်နေတုန်း ဖုန်းဝင်လာတာကြောင့် အောက်ကနေ ခုံကိုင်ပေးနေသူက မိန်းမပီပီသသ အာပြဲကြီးနဲ့ ထအော်သည်။
ဒါကလည်း သော်တာဝန်းရဲ့ ပင်ကိုပုံစံမို့ ပိုင်စိုးမှာ ထူးထွေပြီး ပြောမနေတော့ပါ။သားက ယောက်ျားတွေစိတ်မဝင်စားဘူး မိန်းမလှလေးတွေပဲကြိုက်သည်ဟုဆိုကာ တအိမ်လုံးကို come outလုပ်ပြီးကတည်းက ဒီကောင်မလေးရဲ့ အပြုမူအနေထိုင်တွေက တနေ့တနေ့ပိုပိုပြီးတောင် ယောက်ျားဆန်လာသည်။
အခုပဲကြည့်လေ ဝတ်ထားတာက ယောက်ျား တီရှပ်အဝါရောင်အပွကိုမှ အောက်ကဒူးဖုံး ဘောင်းဘီနဲ့။ဆံပင်ကေကိုကြည့်ဦးမလား ပိုင်စိုးနဲ့ပုံစံတူ ဘေးနှစ်ဖက်ခပ်ပါးပါးကို ရှေ့ကဂျယ်နဲ့ကေကို သထားသေးသည်။အတိုချုပ်ပြောရရင်တော့ သူ့ရဲ့ ညီမငယ် သော်တာဝန်းဟာ ဘယ်လိုနေရာ ဘယ်လိုရူ့ထောင့်ကကြည့်ကြည့် မိန်းကလေးနဲ့တူတဲ့နေရာ တစက်လေးတောင်ရှိမနေပါ။
"အေး...ပြော သုတ"
"ဟေ့ကောင် မနက်ဖြန် လပြည့်နေ့ မင်းအားတယ်မလား"
"မနက်ဖြန်လား..အားတယ်လေ..ဒယ်ဒီက ဝန်ထမ်းတွေ သုံးရက်ပိတ်ပေးထားတယ်ဆိုတော့ ငါလည်း ကုမ္ပဏီ မသွားရဘူး..ဒါနဲ့ မင်းတို့ဘုရားသွားမလို့လား"
"အေး ဟုတ်တယ်ကွ..ဒါပေမယ့် အဲ့ဒါက ညကျမှ သွားမှာ..မနက်ပိုင်းကိုကွာ..ရွက်နုဖူးရဲ့ အိမ်မှာ အလှူရှိတယ်ဆိုလို့ အဲ့ဒါငါတို့ သွားဝိုင်းလုပ်ပေးရမှာ..မင်းလာမယ်မလား..မလာလို့လည်းမရဘူးနော်..ဟေ့ကောင်..သူက မင်းမပါပါအောင် ငါ့ကိုခေါ်ခဲ့ခိုင်းတာ..ပိုင်စိုးရ"
ရွက်နုဖူးက သုတအောင်ရဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး စီးပွားရေးတက္ကသိုလ်က အချောလှလေးတွေထဲက တစ်ယောက်ဖြစ်သည်။ပိုင်စိုးနဲ့ သိတာက သိပ်မကြာသေး။ကိုးလပိုင်း second sem စာမေးပွဲနောက်ဆုံးနေ့ ရွက်နုဖူးက ဒဂုံကိုလိုက်လာပြီး သုတအောင်မိတ်ဆက်ပေးရာကနေ သိခဲ့တာဖြစ်သည်။
ŞİMDİ OKUDUĞUN
ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)
Romantizmအရောင်တွေကင်းမဲ့တဲ့ ဖယောင်းတိုင်လေးမှာ တစ်သက်တာထာဝရ ကိုယ့်အချစ်မီးစာလေး ထွန်းညှိလို့ထားချင်သည်... Main character-ပိုင်စိုးသူ❤ဖယောင်းဖြူ A/N:Ukeအလှလေး ပုံစံမျိုးကို သဘောကျလို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ဒါကြောင့် ukeက Sissy type နဲ့Weak ဖြစ်တာမျိုးကိုမ...