Ep(40)

666 12 9
                                    


ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"အဲ့ဒါ ဘယ်ကို သွားမလို့လဲ..မနက်စာစားဖို့ ဆင်းလာတာမဟုတ်ဘူးလား"

"ရတယ်..အမေ..ကျွန်တော်တို့ အပြင်မှာပဲ စားလိုက်မယ်..လာ..ဖြူ.."

မနက်စာစားဖို့ ဝင်သွားပေမယ့် အဖေနဲ့အမေက ကြိုရောက်နှင့်နေတာကြောင့် ဖြူ့လက်ကိုဆွဲပြီး အပြင်ထွက်သွားဖို့ပြင်လိုက်သည်။ဘယ်သူပဲ ဖြစ်နေဦးတော့ သူတပါးအားနည်းချက်ကို အသုံးချတဲ့သူတွေကို ပိုင်စိုး တကယ်သဘောမကျပေ။မိဘဖြစ်နေလို့ သူ့ကိုကောင်းစေချင်တာသိပေမယ့် အစွန်းရောက်လာတဲ့အခါမျိုးမှာ တဖက်လူက စိတ်ဒဏ်ရာရသွားနိုင်သည်။

"အခုချက်ချင်း ပြန်ထိုင်လိုက် ပိုင်စိုးသူ..အမေ မင်းတို့ကို..ပြောစရာရှိတယ်"

"သားရယ်..လာပါ..ဒီမှာ သားရဲ့ကြီးမေက..ငါးများများထည့်ပြီး မုန့်ဟင်းခါးလေးချက်ထားတယ်..လာစားကြည့်ပါဦးကွ..အဖေကတော့ သားတို့ကြိုက်မယ်လို့ထင်တယ်"

"ကို..ကို.."

အကို့ကို ခုံမှာဝင်ထိုင်ဖို့ ခေါင်းငြိမ့်ပြမှ အကိုက မျက်မှောင်ကြီးကုတ်လျက် ဝင်ထိုင်သည်။မိဘနဲ့သားသမီးကြား ကတောက်ကဆ လေး​တွေရှိတတ်တာမှန်ပေမယ့် ဖယောင်းကြောင့်နဲ့တော့ ကိစ္စအကျယ်ကျယ်တွေ ဖြစ်မသွားစေချင်။ဖယောင်းကို အေးမြတဲ့အရိပ်ပေးတဲ့အကို့ကို စိတ်ချမ်းသာခြင်းတွေသာ ပေးစွမ်းချင်တာ ဖယောင်းရဲ့စိတ်ရင်းပင်။

"ဖယောင်းတိုင်လေး ထည့်စားနော်..ကြီးမေချက်တဲ့ မုန့်ဟင်းခါးက ရှယ်ကောင်းတာသိလား..သော်တာဆို တထိုင်တည်းနဲ့ နှစ်ပွဲ သုံးပွဲလောက် စားရင်စားတာ.."

အရင်နဲ့မတူ တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်း
ကြောင့် သော်တာကပဲ ဦးဆောင်ပြီး ပြောလိုက်ရသည်။အမေကတော့ ဖယောင်းတိုင်လေး စထိုင်ကတည်းက မျက်စိဒေါက်ထောက် ကြည့်နေတာ သော်တာမှာ ကြားထဲက မဆီမဆိုင်အားနာရသည်။

"သား..ဖယောင်းဖြူက ပြန်တော့မှာလား..ဒီမှာ နေရတာအဆင်ပြေရင် ဒီမှာပဲ နေပါလား သားရယ်..အဖေကတော့ သားရှိနေရင် မြန်မာ့ ရိုးရာမုန့်တွေ..အစုံစားနေရလို့ ပြန်တောင်မလွှတ်ချင်တောဘူး..အဟား"

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Donde viven las historias. Descúbrelo ahora