Ep(22)

174 12 0
                                    


ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"ဟယ်လို"

တစ်ဖက်က ယောက်ျားလေးအသံကြောင့် ထမင်းစားခန်းထဲလေထုက ရုတ်ချည်း အေးစက်မှုတွေ ဖုံးလွှမ်းသွားသည်။

"ပေးစမ်း..ငါ့ကို"

"အဲ့ဒီဖက်က ဖုန်း ဖြေနေတာ ဘယ်သူလဲကွ..ဟေ!!..ဒါ ငါ့သမီး ရွက်နုဖူးရဲ့ဖုန်းမဟုတ်ဘူးလား"

"..ကျွန်..ကျွန်တော် သုတအောင်ပါ အန်ကယ်..ဖူးဖူးက ဘေးမှာအိပ်နေလို့...အာ!"

"ဘာ!!..ဘယ်လိုတွေဖြစ်ကြတာလဲကွ..ဟမ်..အန်ကယ် နားမလည်တော့ဘူး..အခုချက်ချင်း သမီးကိုနိူးပြီး နှစ်ယောက်လုံး အိမ်ကိုတန်းလာခဲ့စမ်း..ကြားလား"

"ဟုတ်..ဟုတ်ကဲ့..အန်ကယ်.."

ဖုန်းချပြီး မအေလုပ်သူကို အပြစ်တင်မလို့ရှိသေး  သူ့အပြစ်ကျမှာစိုးလို့ မနက်စာကိုခပ်မြန်မြန်ပဲစားပြီး ထွက်သွားဖို့လုပ်သည်။

"ဒါ ဘယ်ကိုသွားဖို့ကြံစည်နေပြန်တာလဲ..ဒေါ်ဒါလီဆွေ..ဟမ်!!.."

"ဟို..ဒေစီနဲ့ချိန်းထားလို့ အဲ့ဒါသွားရမှာ.."

"ကိုယ့်သမီးမိန်းကလေးတစ်ယောက်လုံး အခုလိုအခြေနေဖြစ်နေတာတောင် မင်းအပျော်မက်နိုင်သေးတယ်နော်..အသက်တွေလည်းရလာပြီ အသိတရားနည်းနည်းတော့ဝင်ဖို့ကောင်းနေပြီလို့မထင်ဘူးလား..ဟမ်..တော်သေးတာပေါ့ ဖုန်းကိုင်တဲ့ကောင်က မောင်သုတဖြစ်နေလို့..အဲ့ဒီနေရာမှာ တခြားအကောင်သာဆို ဘယ်လောက်တောင်ကိစ္စတွေက ရှုပ်သွားလိမ့်မလဲ.."

"အို..ဘာမှရေးကြီးခွင်ကျယ်တွေလုပ်နေစရာမလိုပါဘူး ကိုယ်ရယ်..အခု သူတို့ကစေ့စပ်ထားပြီးပြီးပဲ..သူတို့ဘာသာ လွတ်လွတ်လပ်လပ် နေပါစေပေါ့..အဲ့ဒါကို ရှင်ကသာပုံကြီးချဲ့ပြောနေတာ..မဖြစ်လာတဲ့ကိစ္စကိုလည်း တွေးပြီးပူနေလည်း ရှင့်ရောဂါတိုးရုံပဲ ရှိတယ်"

"အေး..အဲ့လိုသာ စကားကိုပေါ့ပျက်ပျက် ပြောနေ..ငါမရှိတဲ့တနေ့ မင်းတို့သားအမိတွေ ဒုက္ခရောက်လိမ့်မယ်"

ပြောပြီး ထထွက်သွားသူကြောင့် ဒေါ်ဒါလီဆွေ မျက်နှာကိုမဲ့ရွဲ့ပြီး ကျန်ခဲ့သည်။
ဖယောင်းကတော့ ညက မမလေးနဲ့သူတွေ့ခဲ့တဲ့အကြောင်းကို ပြောပြဖို့ အခက်တွေ့နေတာ
ကြောင့် ခြေဖျားလက်ဖျားတွေတောင် အေးစက်လာသည်။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Où les histoires vivent. Découvrez maintenant