Ep(28)

167 13 0
                                    


ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

အကို့အမေပြန်သွားတော့ ဖယောင်းမှာ နေရာမှာတင် မလှုပ်မယှက် ကျန်နေရစ် ခဲ့သည်။အကို့
အမေပြောသွားတာတွေ ပြန်ပြန်ကြားပြီး အကို့အတွက် ထည့်စဥ်းစားလိုက် အကို့ကိုလက်မလွှတ်နိုင်တဲ့အကြောင်းတွေ အကို့မိသားစုကို ဆက်ခံမယ့် ကလေးလေးတွေ အဲ့ဒါတွေပါ အကုန်စုတွေးနေမိတာကြောင့် ခေါင်းတခုလုံး ပေါက်ထွက်မတတ်ခံစားလာရသည်။

"ဘယ်လိုလဲ..ဖယောင်းဖြူ..အခုတော့ သိပြီမလား..သူများပိုင်ဆိုင်မှုကို ခိုးယူရင် အဲ့လိုမျိုး ငါ့ထက် အဆတရာသာတဲ့ နာကျင်မှုကို နင်အခုခံစားနေရပြီမလား.."

ခနဲ့သလို ပြောပြီး အန်တီထိုင်သွားတဲ့နေရာ ဝင်ထိုင်လာတဲ့ အစ်မရွက်နုဖူးကြောင့် ဖယောင်းအံ့ဩသွားရသည်။

"ငါအကုန်ကြားပြီးပြီ..ဟိုအဘွားကြီးက နင်တို့နှစ်ယောက်ကို သဘောမတူဘူးလေ ဟုတ်တယ်မလား..ငါထင်ပါတယ်..သူက နင့်လိုယောက်ျားမကျ မိန်းမမကျလိုဟာကို..သူ့သားလို အရာရာ
ပြည့်စုံနေသူနဲ့ ကြည်ဖြူမတဲ့လားလေ..
အခုက အချိန်မီသေးတယ် နင်ချက်ချင်း နောက်ဆုတ်ပြီး ကိုပိုင့်ဘဝထဲက ပျောက်ကွယ်သွားတာ အကောင်းဆုံးပဲ..နင်အတွေးမမှားနဲ့ ဖယောင်းဖြူ..ငါအစ်မ တစ်ယောက်အနေနဲ့ အကြံပေးမယ်..ငါက သူ့ကို လိုချင်လို့တော့ပြောတာမဟုတ်ဘူး..နင် ကိုပိုင်ပြန်မလာခင်..ရွာကိုပြန်လိုက်တော့..ပြီးရင် အဲ့မှာ လယ်လေးဘာလေး လုပ်စားရင်း အသက်မွေးပေါ့ဟယ်..နင့်အစ်မငါက ကိုယ့်မောင်ကို သေသေရှင်ရှင်ဆိုပြီးတော့ ပစ်မထားပါဘူး..ပိုက်ဆံနည်းနည်းတော့ ထည့်ပေးလိုက်မှာပေါ့..အဲ့ကျရင် နင်လည်း
ကိုပိုင်နဲ့အနေဝေးသွားတော့ ကြာရင်မေ့သွားလိမ့်မယ်..ပြီးတော့ ကိုပိုင်ကလည်း သူ့မိန်းမရယ် ကလေးတွေနဲ့ သူ့မိသားစုသူ ရှိသွားတော့မှာ..အဲ့ဒါဆို ဇာတ်လမ်းကပြီးပြီ..နင်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သလို ကိုပိုင်လည်း သူ့အမေသဘောကျတဲ့ ဘဝလေးကို ပိုင်ဆိုင်သွားမယ်လေ..အဲ့လိုဆိုမကောင်းဘူးလား..မဟုတ်ရင် နင်ဒီအတိုင်းပဲ ဆက်တင်းခံနေလို့ကတော့ နောက်ဆုံးကျ နင်ပဲ အစွန့်ပစ်ခံရပြီး လမ်းဘေးရောက်မှာ အဲ့ဒါတွေနင်သိရဲ့လားလို့..ဟင်"

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)حيث تعيش القصص. اكتشف الآن