Ep(20)

215 10 0
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"မင်းဘယ်လိုလုပ်မှာလဲ..သုတ..ငါတော့ဝင်မခေါ်ချင်ဘူးနော် ဟေ့ကောင်"

"အေးပါကွာ..ငါသွားခေါ်မှာပါ..မင်းတို့ကကားထဲမှာပဲ စောင့်နေဟုတ်ပြီလား"

သုတဆင်းသွားတော့ ဖြူ့ကိုကြည့်တော့ ဘားလိုမျိုးနေရာကို အထူးဆန်းဖြစ်နေပုံရသည်။အထဲကိုဝင်ဝင်သွားတဲ့ ခပ်လန်းလန်းကောင်လေးတွေ ကောင်မလေးတွေကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ လျောက်ကြည့်နေလေသည်။

"ဒီ..ဒီလိုနေရာမျိုးကို မမလေးက တစ်ယောက်တည်းလာတယ်လား.."

"အင်း..ဖြူ့အတွက်တော့ ဒီနေရာက ကြောက်ဖို့ကောင်းချင်ကောင်းနေမှာပေါ့..ဒါပေမယ့် ရွက်နုဖူးကျတော့ လာနေကျ ဖြစ်နေပြီလေ..သူ့
အတွက်ရှော့မရှိဘူး ဖြူစိတ်မပူနဲ့"

စိတ်မပူနဲ့ပြောပေမယ့် သူ့မမလေး မလာသေးလို့ မျှော်နေတာ ပိုင်စိုးသိသည်။သူ့အပေါ် ဘယ်လောက်ပဲ မကောင်းတဲ့သူဖြစ်ပါစေ စိတ်ရင်းစေတနာအပြည့်နဲ့ သဘောထားဖြူစင်တာ ​သူ့ရဲ့ချစ်သူလေးပင် ဖြစ်သည်။

ခဏနေတော့ သုတတစ်ယောက်တည်း ထွက်လာတာကြောင့် ပိုင်စိုး ကားပေါ်က ဆင်းလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ..မင်းရွက်နုဖူးကို သွားခေါ်တာမဟုတ်ဘူးလား.."

"မင်းမှမဟုတ်ရင် မလိုက်ဘူးတဲ့ ဟေ့ကောင်ရေ..ဖူးဖူးက တကယ့်ငရစ်ကွာ..ပိုင်စိုးရာ ငါ့ကိုကူညီလက်စနဲ့ တစ်ခါလောက်ထပ်ကူညီ ပါဦးကွာ..နော်"

"ဟား..လုပ်ဟေ့..ပို့မယ့်ပို့တော့ ကူးတို့ထိရောက်အောင်ပို့တော့မယ်..ဖြူ ကားထဲပြန်ဝင်နေလိုက်နော်..ကိုယ်ပြန်လာခဲ့မယ်..ခဏလေးပဲ"

သုတနဲ့ ဘားထဲ ပြန်ဝင်သွားတော့ bar counterမှာ အပီပြင် မှောက်နေတဲ့ ရွက်နုဖူး။

"ထ..သွားမယ်"

"ဟင်..ပိုင်လား..ပိုင်တကယ် ရွက်နုကို လာခေါ်တယ်ပေါ့ ဟုတ်လားဟင်"

သုတတယောက် ရွက်နုဖူးကို တကယ်ဩချရသည်။ အခုပဲကြည့်လေ သူလာခေါ်တုန်းကတော့ နင်ဘယ်သူလဲ ငါ့ကိုလိမ်မခေါ်နဲ့ မလိုက်ဘူးဘာညာနဲ့ အခုကျတော့ ပိုင်စိုးအသံကြားတာနဲ့ ငေါက်ကနဲ ထလိုက်တာများ အလင်းထက်တောင်မြန်သေး။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Où les histoires vivent. Découvrez maintenant