Ep(27)

171 12 0
                                    


ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

တိုက်ခန်းပြန်ရောက်တော့ ဖြူက သိသိသာသာကို ငြိမ်ကျသွားသည်။ညနေစာထမင်းဟင်း ပြန်နွေးတယ်။အခန်းသန့်ရှင်းရေး လုပ်ပြီးတာနဲ့ ပိုင်စိုးရဲ့ အဝတ်စားတွေ မီးပူထိုင်တိုက်နေပြန်သည်။လမ်းတစ်လျောက်လုံး စိတ်မပူဖို့ ပြောခဲ့ပေမယ့် အိမ်ပြန်ရောက်ကတည်းက စိတ်နဲ့ကိုယ်နဲ့မကပ်သလို ဖြစ်နေတာ ပိုင်စိုး သတိမထားမိဘဲနေမလားလေ။

စကားလုံးဝမပြောတာတော့ မဟုတ်ပေမယ့် သူတစ်ခွန်းပြောရင် တစ်ခွန်းပြန်ပြောတာလောက်ပဲ ရှိတာမြင်ရတော့ ပိုင်စိုးမှာ စိတ်မကောင်း ဖြစ်ရပြန်တယ်။အရင်ကတည်းက တစ်ခုခုဆို ကြိုတွေးပြီး ပူပန်တတ်သူလေးမို့ အမေ့ရဲ့ အငြင်းဝါကျမမည်တဲ့ စကားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခေါင်းသေးသေးလေးထဲ ဘယ်လောက်တောင် ပူပန်ကြောင့်ကြမှုတွေ ရှိနေမလဲဆိုတာ တွေးကြည့်လို့တောင်မရ။

"ဖြူ"

"ဟင်..ကိုကို..အသီးစားတော့မလား..ခဏလေးနော်..ဖယောင်း ဒါလေးလက်စသတ်ပြီးရင် လှီးပေးမယ်..တီဗီကြည့်ပြီး ခဏလေးထိုင်စောင့်ပေးနော်"

ဒီအချိန်မှာ ကိုယ်က ဘယ်လိုစိတ်မျိုးနဲ့ တီဗီ
ကြည့်နေနိုင်မှာတဲ့လဲ ကိုယ့်အသက်ရယ်။ဒီကကောင်က ဖြူဆိုတဲ့ မြတ်နိုးရာလေးကို တစ်ကမ္ဘာမှတ်နေတော့လည်း သူလေး အနည်းငယ်မျှ ဝမ်းနည်းနေတာလေး မြင်နေရရင်တောင် ကိုယ့်မှာ ခြေမကိုင်မိလက်မကိုင်မိကို ဖြစ်နေရောလေ။

"ကိုကို..ဘာဖြစ်လို့လဲဟင်..ဖက်ထားတာ ခဏလွှတ်ပေးပါဦး..ဖယောင်း ပန်းကန်တွေ ဗီရိုထဲ ထည့်ရဦးမယ်"

နောက်ကနေ ပါးလျပ်လျပ်ခါးလေးကို သူ့လက်ကြီးတွေနဲ့ သိမ်းဖက်ထားလိုက်ပြီး လည်တိုင်နား မျက်နှာကပ်၍ စံပယ်အနံ့လေးလည်းရှုရင်း ဒီကောင်လေး စိတ်ထဲ ဘာတွေ ဖြစ်နေလဲဆိုတာ အဖြေရှာဖို့ နှလုံးခုန်သံလေးကို နားစွင့်၍ အဖြေရှာနေမိသည်။

"အဲ့ဒါတွေက ထားထားလိုက်...ပြီးရင် ကိုယ်သိမ်းလိုက်မယ်..အခုတော့ ဒီဘက်ခဏလှည့်ပြီး ကိုယ့်ကိုကြည့်ပါဦး.."

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Opowieści tętniące życiem. Odkryj je teraz