ကိုယ့်နှလုံးသားပိုင်ရှင်
Unicode
ဒီနေ့က သောကြာနေ့ ၊တနည်းအားဖြင့် အကို ဖယောင်းကို လာတွေ့မယ့်နေ့ဆိုလည်းမမှားဘူး။သောကြာနေ့ဆိုရင် အကိုက နေ့တဝက်ရုံးဆင်းတာကြောင့် အိမ်ပြန်ပြီးတာနဲ့ ဖယောင်းဆီရောက်လာတတ်တဲ့ အကို။တပတ်မှာ သောကြာ စနေ တနဂ်နွေ သုံးရက်လောက်က အရင်တုန်းကဆို ရိုးရိုးတန်းတန်းသာ ဖြတ်ကျော်ခဲ့ပေမယ့် အခုတော့ ဖယောင်းရဲ့မသိစိတ်က အဲ့ဒီနေ့လေးတွေကို မျှော်နေမိတယ်။
ဘာကြောင့် ဒီလို အကိုနဲ့တွေ့တဲ့အခါတိုင်း စိတ်တွေအရမ်းလှုပ်ရှားရလဲဆိုတာ အဖြေရှာမရပေမယ့် သေချာတာကတော့ အကိုပိုင်စိုးသူကို ဖယောင်းတော်တော် သံယောဇဥ် တွယ်နေမိတယ်ဆိုတာပဲ။အချိန်တန်ရင် အကိုလည်း သူ့အနားက ထွက်ခွာသွားမယ်ဆိုတာသိပေမယ့် မိုက်ရူးရဲဆန်စွာ အကိုပေးတဲ့အပြုံးတွေ ဂရုစိုက်မှုတွေကို လောဘကြီးနေမိတယ်။
"ဖယောင်းလေး ဒီနေ့စိတ်ကြည်နေတယ် ထင်တယ်..ကြည့်ပါဦး မျက်နှာလေးက ပြုံးလို့ရွင်လို့..ကြီးနုကတော့ ဒီလိုပုံစံလေး မြင်နေရတာ တကယ်စိတ်ချမ်းသာလို့မဆုံးဘူး"
ထမင်းဘူးအဝိုင်းလေးထဲကို ဒီနေ့လုပ်စားတဲ့ ကောက်ညှင်းရွှေကြည်ရယ်၊ မုန့်ကျွဲသဲရယ် အတုံးလေးတွေတုံးပြီး သေချာစီထည့်နေတုန်း ကြီးနုပြောစကားကြောင့် ဖယောင်း ပြုံးမိသွားသည်။ဒီလိုတွေ ပြောင်းလဲလာအောင် ပြုပြင်ပေးသူကလည်း အခြားမဟုတ် အကိုပိုင်စိုးသူပင် ဖြစ်သည်။
ဖယောင်းကစိတ်ပျော့တယ်။ တစ်ခုခုဆို မျက်ရည်ကျပြီး သိမ်ငယ်မှုတွေက စိတ်ဓာတ်ကျနေချိန်ဆို အောက်ဆုံးထိရောက်အောင် တွန်းပို့တတ်တာကို အကိုကသတိထားမိသွားတယ်။ဒါကြောင့် ဖယောင်းနဲ့တွေ့တဲ့အခါတိုင်း သူဖတ်ဖူးတဲ့ စာအုပ်တွေထဲက ခွန်အားဖြစ် စာကြောင်းလေးတွေ ရံဖန်ရံခါ ပြောပြတတ်ပြီး ဖယောင်းကို ဒီထက်ပိုသန်မာလာအောင် အကိုက ပြုပြင်ပေးခဲ့တယ်။
"ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနေ ဖြူ..ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး..မနက်မိုးလင်းလို့
တနေ့တာစတင်တဲ့အခါ ကိုယ့်အကြောင်းပဲကိုယ်တွေး..လူတွေက တကယ်တော့ ကိုယ့်ကိုကိုယ် သတိမထားမိကြတာ..နေ့တစ်နေ့အစပြုပြီဆိုရင်
ကိုယ့်ကိုကိုယ် မေ့နေတတ်ကြတယ်..
သူတို့ခေါင်းထဲမှာ သူများအကြောင်းနဲ့ပဲ..ပြည့်ကျက်နေကြတာမျိုးပေါ့..
YOU ARE READING
ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)
Romanceအရောင်တွေကင်းမဲ့တဲ့ ဖယောင်းတိုင်လေးမှာ တစ်သက်တာထာဝရ ကိုယ့်အချစ်မီးစာလေး ထွန်းညှိလို့ထားချင်သည်... Main character-ပိုင်စိုးသူ❤ဖယောင်းဖြူ A/N:Ukeအလှလေး ပုံစံမျိုးကို သဘောကျလို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ဒါကြောင့် ukeက Sissy type နဲ့Weak ဖြစ်တာမျိုးကိုမ...
