ကိုယ့်နှလုံးသားပိုင်ရှင်..
Unicode
"ဒီမှာပါ..ဒါသူနဲ့ကျွန်တော်နဲ့ လက်မှတ်ထိုးတဲ့နေ့က ရိုက်ထားတဲ့ ဓာတ်ပုံပါ..ပြီးတော့ သူနဲ့ကြိုက်နေစဥ် အချိန်တလျောက်လုံးက ပုံတွေရှိပါသေးတယ်"
ဖုန်းထဲက ဘယ်ကဘယ်လိုလုပ်လာလည်းမသိတဲ့ ဖယောင်းမျက်နှာနဲ့ ဓာတ်ပုံတွေက အနည်းဆုံးဆယ်ပုံနီးနီးရှိလောက်သည်။ပုံတွေက ဝါးနေပြီး အဝေးကကြည့်ရင် ဖယောင်းနဲ့ခပ်ဆင်ဆင်ဟု ထင်ရသည့် ကောင်လေးက ဦးမင်းထိုက်ဘေးမှာ ရယ်မောပျော်ရွင်လို့နေသည်။
"ကဲ..ဘာပြောချင်သေးလဲ..ဖယောင်းဖြူ..အခုတော့ မင်းသရုပ်မှန်တွေပေါ်လာပြီပေါ့..ငါ့မှာတော့ ငါ့သားပြောတာ အမှန်တွေ ဖြစ်မှာပါလေဆိုပြီး ယုံကြည်ခဲ့တာ..အခုတော့ မင်းက ငါ့သားကိုလိမ်ထားတဲ့အပြင် အခုငါ့တို့အသိုင်းဝိုင်းတစ်ခုလုံးကိုပါ လှည့်စားဖို့ ကြံရွယ်နေမှန်း သိလိုက်ရပြီ..မင်းထွက်သွားပါတော့..ငါ့သားပြန်မလာခင် မင်းအသိစိတ်ဓာတ်နဲ့မင်းထွက်သွားလိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ အန်တီထင်တယ်..ဒီလိုမှမဟုတ်ရင် ချစ်လှပါချည်ရဲ့ဆိုတဲ့မင်း အကိုရဲ့ နာကျည်းမုန်းတီးတာကို ခံယူပြီးမှ ထွက်သွားရရင် မင်းပိုပြီး ရင်ကွဲရမယ်ထင်တယ်..ဒါ အန်တီ မင်းဘက်ကတွေးပြီး အကြံပေးကြည့်တာပါ..လုပ်တာမလုပ်တာက မင်းအပိုင်းပဲ"
"အန်တီ ဒါက ဖယောင်းကို သက်သက်ညဏ်ဆင်ပြီး ချောက်တွန်းခံရတာပါ..ပြီးတော့ သေချာကြည့်ကြည့်ပါ..ဒီထဲက ဖယောင်းမဟုတ်ပါဘူး..ဖယောင်းနဲ့တူတဲ့ သူကိုခေါ်ပြီး ဓာတ်ပုံအတုလုပ်ထားတာတွေပါ..ဖယောင်းကို အထင်မလွဲလိုက်ပါနဲ့ အန်တီရယ်..နော်"
"အို..ရုပ်တိမရှိတာတွေ ရှိတာတွေပြောမနေနဲ့တော့ ငါမကြားချင်ဘူး..သက်သေပါရှိနေတာ အခုထိ မဟုတ်ပါဘူး ငြင်းနေသေးလည်း အလကားပဲ..ဖယောင်းဖြူ..သွားပါတော့..ငါ့သားမလာခင် မင်းတို့မြန်မြန်ထွက်သွားလေ ကောင်းလေပဲ.."
"ဟင့်အင်း..ဟင့်အင်း..ဖယောင်း မသွားပါရစေနဲ့ အန်တီရယ်..အကို ပြန်လာတဲ့အထိ ဖယောင်းစောင့်ပါရစေ အန်တီရယ်..နော်..ဖယောင်း သူနဲ့လိုက်မသွားချင်လို့ပါ"
![](https://img.wattpad.com/cover/323679899-288-k394974.jpg)
ŞİMDİ OKUDUĞUN
ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)
Romantizmအရောင်တွေကင်းမဲ့တဲ့ ဖယောင်းတိုင်လေးမှာ တစ်သက်တာထာဝရ ကိုယ့်အချစ်မီးစာလေး ထွန်းညှိလို့ထားချင်သည်... Main character-ပိုင်စိုးသူ❤ဖယောင်းဖြူ A/N:Ukeအလှလေး ပုံစံမျိုးကို သဘောကျလို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ဒါကြောင့် ukeက Sissy type နဲ့Weak ဖြစ်တာမျိုးကိုမ...