.Unicode
"ထယ်ယောင်း...ဒီမှာကြည့်စမ်း..."
ဖုန်းကိုအာရုံရောက်နေရင်းခပ်မြူးမြူးအသံလေးကြောင့်မော့ကြည့်လိုက်တော့လက်ဖြူဖြူလေးကိုင်မြှောက်ပြနေတဲ့ပလက်တီနမ်လက်ကောက်လေးနှစ်ခု။ခန္ဓာကိုယ်မှာဘယ်လောက်ရှုပ်ရှုပ်ဒီလိုပစ္စည်းလေးဝတ်ရတာကြိုက်သူဖြစ်ပြီး.ပိုသဘောကျမိတာကချစ်ရသူကကိုယ့်အတွက်တင်မဟုတ်ပဲနှစ်ယောက်ဆင်တူလေးကိုပြလာတော့အပြုံးတွေကချက်ချင်းထွက်လာမိရော။
"ကြိုက်လား..."
သူ့အကြိုက်ကိုသိနေပြီးသားဖြစ်တာတောင်ထပ်၍မေးနေသေးသောသူမအပြုံးတွေကသိပ်လှတာ..။ပလက်တီနမ်ကြိုးလေးရော.ထိုကြိုးလေးကိုညှပ်ထားသည့်လက်နုနုလေးကိုပါဆုပ်ကိုင်ပြီးပြုံးရယ်နေတဲ့သူမရဲ့မျက်လုံးတွေစိုက်ကြည့်ကာ....
"ပေးတဲ့သူကိုပိုကြိုက်တယ်..."
"Kingကတော့ခြွေပြီကွာ.."
သူမKingလို့ခေါ်လိုက်ရင်နိုင်ငံတနိုင်ငံကိုအပိုင်ရလိုက်တဲ့ဘုရင်တယောက်ရဲ့ခံစားချက်မျိုးရတယ်...။ဒီကျောင်းရဲ့Kingမို့သူမကစနောက်တတ်သည့်အချိန်တိုင်းသုံးပေမဲ့အဲ့လိုလေးခေါ်လာဖို့ကိုထုတ်လည်းမပြောပဲမျှော်လင့်ခဲ့တာ။သူမအတွက်သူ့နှုတ်ကထွက်လာတဲ့စကားတိုင်းကရင်ထဲကလာတာချည်းပဲဆိုပေမဲ့ခြွေနေတယ်ထင်နေသူကတော့ဟန်ဆောင်ပြီးရှက်ပြုံးလေးတောင်မပြုံးခဲ့။သူငယ်ချင်းဘဝမှာကတည်းကပူးကပ်ထိတွေ့နေကြကတည်းကသူပဲရင်ခုန်နေခဲ့ရတာ။သူမကသူငယ်ချင်းတုန်းကအတိုင်းပဲပြောဆိုဆက်ဆံနေတာမို့သူတို့နှစ်ယောက်ကြားရှက်ကိုးရှက်ကန်းတွေမရှိခဲ့ဘူး။
ချစ်သူမဖြစ်ခင်ကနဲ့ချစ်သူဖြစ်ပြီးသွားတဲ့အခြေအနေကသိပ်မကွာခြားသော်ငြားသူမအချစ်ကိုသံသယမဝင်ခဲ့ဘူး။သူငယ်ချင်းတွေတုန်းကလည်းတယောက်နဲ့တယောက်ဂရုစိုက်တယ်.တယောက်အနားတယောက်ရှိနေတယ်.အရာရာပြည့်စုံတဲ့သူတို့ဘဝမှာစိတ်ညစ်စရာဆိုတာဘယ်လိုခံစားရတာလဲဟုပြန်မေးရသည်ထိ.သူတို့မှာပျော်စရာတွေချည်းပဲ။စာပိုတော်တဲ့သူမကအထက်တန်းကျောင်းတတ်တဲ့အချိန်ကျောင်းမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ်စာပြန်ပြပေးတဲ့အချိန်တွေကပျော်စရာအကောင်းဆုံးဖြစ်ခဲ့တယ်။သူမနဲ့ရှိချိန်တိုင်းကတော့ပျော်စရာအကောင်းဆုံးအချိန်တွေချည်းပါပဲ။
![](https://img.wattpad.com/cover/323588598-288-k210562.jpg)
YOU ARE READING
Fake Boyfriend👨❤️👨
Romanceမာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin