.Unicode
.
"ဟျောင့်တွေထယ်ယောင်းကကြာနေပြီလို့မထင်ဘူးလား..ခါတိုင်းပွဲရှိတယ်ဆိုတာနဲ့အူမြူးနေတဲ့ကောင်ကဒီနေ့အရိပ်တောင်မမြင်ရဘူး..မင်းပြောထားတာသေချာလား...""ငါသေချာပြောထားတယ်..လူကတော့အကုန်စုံနေပြီ..ဖုန်းဆက်ကြည့်..."
"အင်း..."
ဆက်ကြည့်လိုက်ပေမဲ့လုံးဝကိုင်မလာခဲ့ဘူး..။
သူတို့ဆက်ရင်ထယ်ယောင်းဖုန်းမကိုင်တာသိပ်ကိုရှားတယ်..။ဒီနေ့ညကတော့သူတို့ရဲ့Kingကြီးရောက်လာမှကိုဖြစ်မှာ..။ထယ်ယောင်းနာမည်နဲ့သွင်းထားတဲ့စာရင်း..လောင်းထားတဲ့ငွေတွေနဲ့Kingကိုမျှော်နေတဲ့သူတွေ..အဆင်သင့်ဖြစ်နေတဲ့ပြိုင်ကားတွေနဲ့ထယ်ယောင်းသာရောက်မလာရင်သောက်ရှက်တွေကအားလုံးကွဲပြီ..။"ဒီကောင်ဘာဖြစ်နေတာလဲ..တကယ်ကြီးရောက်မလာတော့တာများလား.."
"ရောက်မလာရင်ဘယ်လိုလုပ်မလဲ..ငါထယ်ယောင်းလာမယ်ဆိုပြီးပြောထားလို့ကျောင်းကကောင်မလေးတွေအကုန်ရောက်နေကြပြီ.."
"အဲ့ဒါထက်ငါတို့ပိုက်ဆံတွေ..ဒီမှာလောင်းထားတဲ့ငွေတွေကိုပြန်ယူလို့ရတဲ့ထုံးစံမရှိဘူးနော်..အသေအချာတွက်ပြီးရှိသမျှလောင်းလိုက်တာ.."
"ဖုန်းဆက်လို့မရရင်လူကိုယ်တိုင်သာလိုက်သွားမယ်ကွာ..မင်းတို့ကဒီမှာအချိန်ခဏစောင့်ဖို့ပြောထားလိုက်..."
ကြားထဲမှာအဖမ်းအဆီးတွေနဲ့အခြေအနေမဟန်လို့နားထားသမျှဒီနေ့ပွဲရှိတယ်လို့အသံကြားတော့အပြေးအလွှားလာကြသူတွေအများအပြား။ထယ်ယောင်းကလည်းဒီလိုအချိန်ပဲစောင့်နေတာမို့သူတို့ကိုယ်တိုင်ပဲထယ်ယောင်းကိုအသိပေးပြီးစာရင်းပေးခဲ့တာ..။ဒါပေမဲ့ဖုန်းဆက်လို့တောင်မရတော့Kingရဲ့လူတွေအကုန်ယောက်ယတ်ခတ်ကုန်ကြပြီ။ထယ်ယောင်းကတော့ဒီပွဲပါမှကိုဖြစ်မှာမို့အစီအစဥ်တွေဆွဲနေတုန်းကားမီးရောင်တောက်တောက်နဲ့အမြင်တွေကိုစူးရှသွားစေတဲ့
နောက်ဆုံးပြိုင်ကားလေးကကွင်းထဲသို့ဝင်လာသည်။Kingသူငယ်ချင်းတွေအကုန်ပြိုင်တူသက်ပျင်းချမိကြသည်။ပြိုင်ကားအနီလေးရပ်သွားပြီးကားထဲကရွှေညိုရောင်ဆံနွယ်တွေနဲ့လူသားထွက်လာတော့အားလုံးရဲ့အာရုံစိုက်မှုတွေဟာအပြည့်။
![](https://img.wattpad.com/cover/323588598-288-k210562.jpg)
ESTÁS LEYENDO
Fake Boyfriend👨❤️👨
Romanceမာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin