FB(27)

1K 148 35
                                    

.Unicode
.

ဆယ်ကျော်သက်ဘဝရဲ့နုပျိုမှုလေး...
အရာရာမှာလန်းဆန်းတက်ကြွနေတဲ့အရွယ်လေး..
သဘောမကျခဲ့တာတွေသူနဲ့တွဲလိုက်ရင်သဘောကျချင်စရာလိုက်ဖက်သွားသည်ထိနှလုံးသားကတအားအကောင်းမြင်တတ်သည့်အချိန်...

ပထမဆုံးရင်ခုန်သံသည်တအားအကျပ်ကိုင်လွန်းတဲ့..တအားနှိမ်တတ်လွန်းတဲ့..တအားအမြင်ကပ်ဖို့ကောင်းလွန်းတဲ့ဂျစ်ကန်ကန်လူချမ်းသားကောင်ကလေးအတွက်ပဲဖြစ်ခဲ့သည်။
အချစ်အကြောင်းတွေနားစွန်းနားဖျားကြားဖူးတာပဲ..။ချစ်သူစုံတွဲတွေချစ်ကြည်နူးတာလည်းမြင်ဖူးတာပဲ..။သူ့ဆီကိုလည်းရိုးရိုးလေးပဲရောက်လာလိမ့်ထင်ခဲ့တာ..။သို့ပေမဲ့ချစ်မိသူသည်သူ့မှာပိုင်ရှင်ရှိတယ်လို့တလောကလုံးကိုဆိုင်းဘုတ်ထောင်ထားတဲ့သူ။တန်ဖိုးထားစရာတွေ.ငြင်သာမှုတွေ.မြတ်နိုးမှုတွေ.အလျှော့ပေးမှုတွေကိုသူမကလွဲရင်မည်သူမှမပေးချင်တဲ့သူ..။

ရှေ့ဆက်ဖို့သတ္တိမရှိခါမှအချိန်တန်ပေါင်းဖက်ရမဲ့ပိုင်ရှင်လည်းရှိနေတော့တဖက်သတ်အချစ်ဆိုတဲ့နယ်မြေထဲကိုပျော်ပျော်ကြီးရောက်သွားတာပဲ..။အလာမရှိပဲအသွားချည်းတဖက်တည်းသာမို့တဖက်သတ်လို့ခေါ်ကြတာဖြစ်မည်။

ခံစားဖူးတော့မှတော်တော်ဆိုးဆိုးရွားရွား..။
ပထမဆုံးအချစ်မှာနာကျင်စရာတွေကအများသား။သူမတို့ကြားကသံယောဇဥ်တွေအမှတ်တရတွေနဲ့ယှဥ်လျှင်မနေ့တနေ့ကမှသူ့နားရောက်လာတဲ့ကျွန်တော်သည်မနာလိုစိတ်တွေလည်းဖြစ်ခဲ့ဖူးသည်။သူမကလှလို့စွဲလမ်းနေတာပါ..သူမကရဲရင့်ပြီးထက်မြက်လို့Kingကလိုချင်တာ..မျက်နှာပြောင်တိုက်တိုက်နဲ့တွေးချမိတာတွေများသူပြန်သိရင်ကျွန်တော်ဒီလောကမှာရှိလိမ့်မယ်မထင်..။

သူမကိုတခါတလေသည်းပြတိုင်းကိုယ်ချစ်တဲ့သူဆိုသော်ငြားအမြင်ကပ်ပါသည်..။ဒီလောက်ပြတ်သားသွားလည်းမနာဘူးလားလို့သူ့အတွက်တွေးမိတော့ကိုယ့်ကိုကိုယ်သာမြင်ယောင်ရင်း
ရယ်လိုက်မိသည်။ကျွန်တော်လည်းဘာထူးလို့လဲ..။သူလုပ်ခဲ့သမျှဘယ်အရာကိုများနာဖူးလို့လဲ..။အမှတ်သည်းခြေလည်းမရှိခဲ့ပါ..။

Fake Boyfriend👨‍❤️‍👨Wo Geschichten leben. Entdecke jetzt