.Unicode
.
အချစ်ရဆုံးသောသူငယ်ချင်းလေးနဲ့အဆင်ပြေသွားလို့စိတ်ချမ်းသာရမလားမှတ်တယ်..အလုပ်လုပ်တဲ့ဆိုင်လေးတွင်လီဆွန်းကရောက်လာပြန်သည်။လီဆွန်းလာတဲ့နေ့တိုင်းအလုပ်လုပ်ရတာမလွတ်လပ်တော့ဘူး..။ဆိုင်ကစားပွဲထိုးမို့နှင်ထုတ်ပိုင်ခွင့်လည်းမရှိတော့မျက်စိဒေါက်ထောက်လိုက်ကြည့်နေတဲ့အကြည့်တွေကိုမသိချင်ယောင်ဆောင်ရင်းသည်းခံပြီးလုပ်ရသည်။"ဂျီမင်..ဟိုဝိုင်းက.."
"ငါ့ကိုလာဖို့ခေါ်တာမလားသွားလိုက်မယ်..."
"အင်းအင်းဟုတ်တယ်..."
ခဏခဏကြုံပါများတော့လည်းမှန်ကြောင်လေးတောင်စကားဆုံးအောင်ပြောစရာမလိုပဲသဘောပေါက်နေခဲ့ပြီ။သူမှမသွားရင်တယောက်ပြီးတယောက်ပြီးလှည့်ပြန်လာရပြီးခေါင်းကုတ်နေကြရဦးမယ်...။
"ဘာမှာမလဲလီဆွန်းရှီ.."
"ကိုယ်မှာနေကျပဲပေါ့..ဂျီမင်သိတယ်မလား..."
"ဟုတ်ကဲ့သိပါတယ်.."
မှာမဲ့menuသိပြီးဆိုတာနဲ့မှန်ကြောင်လေးကချက်ချင်းလှည့်ထွက်သွားတော့လီဆွန်းဟာလည်းသေသေချာချာလိုက်ကြည့်နေသည်။
မှန်ကြောင်လေးရဲ့စကားပြောပုံကဒီနေ့နည်းနည်းပြတ်သားနေသလိုထင်ရသည်။သူရောက်လာတိုင်းကြောက်တတ်တဲ့မျက်လုံးလေးတွေမတွေ့ရတော့ပဲစိတ်ရှုပ်တဲ့အရိပ်အယောင်တွေနဲ့မျက်နှာဆူဆူလေးကလည်းသဘောကျချင်စရာတမျိုးကောင်းပြန်သည်။.
"yar..သောက်စရာကကုန်ပြီလားသွားထပ်မှာလေ...""ဒီမှာမင်းအဖေလိုက်လို့ငါပြေးနေရတယ်..မင်းဟာမင်းသွားမှာ..စားစရာတွေပါယူခဲ့.."
သွားနေကြbarသည်သူတို့ကိုယ်ပိုင်barလိုတောင်ဖြစ်နေပြီ...။သူဋ္ဌေးသားလေးတွေဟာဆိုင်ရှင်နဲ့လည်းရင်းနှီးကျွမ်းဝင်တော့စားချင်တာသောက်ချင်တာမှန်သမျှသူတို့ဆိုအထူးဂရုစိုက်ပြီးပြင်ဆင်ပေးတာ..။ဒီနေ့တော့သူဋ္ဌေးသားလေးတွေဟာသိပ်မမွှေပဲအေးအေးဆေးဆေးဂိမ်းထိုင်ဆော့နေကြသည်။ဆဲသံတွေထွက်တတ်တာလေးတခုပါပဲ....။
Kingကစိတ်ကြည်နေရင်ဂိမ်းဆော့တာသိပ်ငြိမ်သည်။နိုင်တာနဲ့ထပ်ထပ်ဆော့ပြီးတခါတလေတညလုံးထိုင်ဆော့ပစ်ခဲ့တဲ့ညတွေတောင်ရှိသည်။
![](https://img.wattpad.com/cover/323588598-288-k210562.jpg)
BINABASA MO ANG
Fake Boyfriend👨❤️👨
Romanceမာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin