.
."ငတုံးကောင်လီဆွန်း!..နင်ပြောတော့ထယ်ယောင်းနဲ့ဂျောင်အင်တွဲတော့မယ်လို့သတင်းတွေလွှင့်လိုက်ရင်သူတို့နှစ်ယောက်ပိုဝေးသွားကြမှာဆို..အခုကြည့်စမ်း..ကင်မ်ထယ်ယောင်းကအဲ့မှန်ကြောင်အိမ်ထိရောက်နေပြီဟဲ့!.."
Kingကိုသူ့ကားနီနီကြီးနဲ့မှန်ကြောင်လေးအိမ်ရှေ့မှာရိုက်မိထားတဲ့ပုံကိုလာထိုးပြရင်းလီဆွန်းဆီဟန်ဂျောင်အင်သူငယ်ချင်းတွေပြသာနာရှာကြပြီ။လီဆွန်းပေးတဲ့အကြံဟာဘာမှသုံးစားမရဘူးလို့ပဲအကုန်ထင်မိတယ်..။
လီဆွန်းလည်းမြင်မြင်ချင်းဒေါသနဲ့Kingကိုပြေးထိုးလိုက်ချင်တဲ့စိတ်တွေတဖွားဖွား.။
ဒီလောက်လူသိရှင်ကြားဖြစ်နေပြီဂျီမင့်အိမ်ထိသွားနေတယ်ဆိုတာ.မျက်နှာပြောင်တိုက်လွန်းအားကြီးသည်။နှစ်ယောက်လုံးကိုပိုဝေးကွာသွားစေဖို့ရည်ရွယ်ပေမဲ့ကင်မ်ထယ်ယောင်းကဘာလို့ဂျီမင့်နောက်ပဲလိုက်နေရတာလဲ။ဟန်ဂျောင်အင်ကိုမရရင်သေတော့မလိုဖြစ်ခဲ့တဲ့ကောင်ကသူလိုချင်တဲ့အရာနားတဝဲလည်လည်နဲ့ဘာကိုမှအလွတ်မပေးချင်ပဲအတ္တသမား။"တကယ်နင့်ကိုယုံမိတာမှားတာပဲလီဆွန်း..ကလေးအကွက်တွေနဲ့.."
"အဲ့ဒါထက်အဓိကကထယ်ယောင်းကိုယ်တိုင်ပဲလေ..ကျောင်းမှာတယောက်နဲ့တယောက်မသိကြတော့တဲ့ပုံစံနဲ့အိမ်ထိရောက်သွားတာ..အဲ့မှန်ကြောင်ဘာတွေနဲ့ထယ်ယောင်းကိုဆွဲထားလဲမသိ.."
"မသိပဲနဲ့မပြောစမ်းနဲ့..ဟိုကဘာနဲ့မှမဆွဲဘူးနင်တို့ကင်မ်ထယ်ယောင်းကိုက..."
အချိုးမပြေတာကကင်မ်ထယ်ယောင်း..ဒါကိုမဆိုင်တဲ့သူကိုဆွဲထည့်ပြီးကင်မ်ထယ်ယောင်းကိုပဲမ.နေတာကြောင့်လီဆွန်းဝင်ပြောမိသည်။သို့ပေမဲ့လည်းမှန်ကြောင်လေးဘက်ကဝင်ကာမှန်းရိပ်မိကုန်မှာစိုးတာကြောင့်ဆက်မပြောပဲစကားဖြတ်လိုက်သည်။
သူစိုးရိမ်နေတာသူပဲသိသလိုကင်မ်ထယ်ယောင်းလှမ်းတဲ့ခြေလှမ်းတွေကိုလည်းသူကြိုမြင်နေတယ်..။အကယ်လို့များဂျီမင့်ဘက်ကသာပျော့ညံ့သွားပြီးကင်မ်ထယ်ယောင်းကိုလက်ခံပေးလိုက်ရင်သူဂျီမင့်ကိုဘယ်လိုမှယူလို့ရမှာမဟုတ်တော့ဘူး။ကတိမတည်တဲ့ကောင်ကိုသူ့ဘက်ကလည်းမှန်ကန်မပေးနိုင်တော့ပါ။ဘယ်လိုနည်းလမ်းပဲဖြစ်ပါစေဂျီမင့်ဘေးနားကဖယ်ပြီးဟန်ဂျောင်အင်ဆီမြန်မြန်ပြန်ရောက်သွားဖို့ကအဓိကပဲ..။
![](https://img.wattpad.com/cover/323588598-288-k210562.jpg)
DU LIEST GERADE
Fake Boyfriend👨❤️👨
Romantikမာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin