FB(5)

1.3K 187 78
                                    

.Unicode

ဟန်ဆောင်ရည်းစားအလုပ်သည်မနက်ပိုင်းကျောင်းထဲအတူလမ်းလျှောက်ပေး.ကန်တင်းမှာထိုင်ပေးရုံနှင့်ရပြီလားဟုအတွေးလေးနှင့်အတူဒီနေ့မနက်ပေါ့ပါးသည့်စိတ်လေးနဲ့ကျောင်းလာခဲ့သည်။တခါတလေဟိုဆော့ကကျောင်းအတူသွားမယ်လို့messageပို့တဲ့နေ့တွေဆို.busဂိတ်ကနေစောင့်ပြီးကျောင်းကိုအတူလာသည်။တခါတလေတော့လည်းဟိုဆော့ကကျောင်းမသွားခင်
ဟိုစပ်စပ်ဒီစပ်စပ်သွားတတ်လို့သူ့ဘာသာသူတယောက်တည်းလာသည့်ရက်ကများပါသည်။ကျောင်းရောက်ရင်တော့ဟိုဆော့နဲ့သေချာပေါက်ဆုံဖြစ်သည်။

အရောင်ကွဲမထူးမပါးhoodieတွေ.အဆင်မဆန်းတဲ့Tshirtတွေ.Tshirtပေါ်မှာမှရှပ်လက်ရှည်ထပ်ဝတ်တာတွေ.နဲ့ဂျင်းဘောင်းဘီလေးသာတွဲဝတတ်သူသည်သိပ်ရိုးရှင်းသည်။ခန္ဓာကိုယ်မှာဘာ
accessoriesမှရှိမနေ။အနက်ရောင်ကိုင်းနှင့်မျက်မှန်လေးတလက်ကလွဲလို့....။ဆံနွယ်ညိုတွေသည်ဆေးဆိုးခြင်းမရှိသော်ငြားပြုပြင်တာမျိုးလည်းမလုပ်တဲ့အခါဖွာစုတ်စုတ်...။တက္ကသိုလ်ကျောင်းသားဆိုသော်လည်းမည်သူကမှအရေးတယူလိုက်ကြည့်နေမည့်သူမရှိလို့ကိုယ်ပေါ့ပါးဖို့ပဲဦးစားပေးဝတ်စားနေထိုင်သည်။

အချိန်နည်းနည်းစောသေးတာမို့ကျိုးတို့ကျဲတဲလောက်သာရှိသောလူတွေရဲ့အဓိပ္ပါယ်မဖော်တတ်တဲ့အကြည့်တွေခံရတာတော့စိတ်ကျဥ်းကျပ်ဖွယ်...။Kingရည်းစားဖြစ်သွားခြင်း၏အကျိုးဆက်ကမှန်ကြောင်လေးကိုလူစိတ်ဝင်စားသွားစေသည်။ထိုသူများနဲ့အကြည့်ချင်းလည်းမဆုံရဲလို့မသိသလိုသာလွယ်အိတ်အပြင်လက်မှာပိုက်ထားသည့်စာအုပ်ကိုဆုပ်ပြီးနည်းနည်းသွက်သွက်လျှောက်ခဲ့သည်။ကိုယ့်အာရုံနဲ့ကိုယ်စောနေလည်းအတန်းထဲအေးဆေးစာသွားထိုင်ဖတ်ဖို့ဦးတည်နေစဥ်အရှေ့အကောင်းစားဖိနပ်ကြီးတွေနဲ့ပိတ်ရပ်လာသူများဟာKingတို့အဖွဲ့ကလွဲပြီးတခြားဘယ်သူများရှိဦးမှာလဲ...။အမှန်တိုင်းပြောရင်ပေါ့ပေါ့ပါးပါးသွားနေရင်းသူကလက်ရှိKingရဲ့ရည်းစားဆိုတာတကယ်ကိုမေ့သွားခဲ့တာ...။

သူ့ကိုဆက်မသွားနိုင်တော့အောင်ရပ်စေပြီးလက်ကောက်ဝတ်ကိုရုတ်တရက်လာဆွဲသည်။မေးမလို့ပြင်ခါနီးမှာအရှေ့မှဆွဲခေါ်သွားတဲ့အခါစာအုပ်တောင်လွတ်ကျမလိုဖြစ်ပြီးချော်မလဲအောင်မနည်းလိုက်သွားရသည်။ဘာမပြောညာမပြောနဲ့အမြဲတမ်းဇိုးဇိုးဇက်ဇက်.ဒီတခါလည်းဘာလုပ်မလို့ခေါ်သွားပြန်တာလဲ...။ဘယ်သွားမလို့လဲဟုဆက်တိုက်မေးသောသူ့မေးခွန်းသည်ကန်တင်းဘက်ဦးတည်လာသောလမ်းကြောင့်ကိုယ့်စကားကိုယ်ပြန်တိတ်လိုက်ရသည်။ကန်တင်းကိုလိုက်ခဲ့ဟု.ပါးစပ်ကပြောလည်းရရဲ့သားနဲ့လက်ကိုအတင်းဆွဲပြီးဒီလောက်မြန်မြန်သွားနေရတာဘာတွေအရေးကြီးနေတာလဲ...။

Fake Boyfriend👨‍❤️‍👨Where stories live. Discover now