.
."ဒါနင်လုပ်တာလားထယ်ယောင်း.."
"တခုမှ..မသိခဲ့ဘူး.."
သူမဆီကခပ်တိုးတိုးထွက်လာတဲ့အမေးကြောင့်Kingအမှန်တိုင်းပဲပြောထွက်ခဲ့သည်။ပွဲလန့်တုန်းဖျာခင်းလို့ရတဲ့အခြေအနေဆိုပေမဲ့သူ့စိတ်သူတောင်မသေချာနေတဲ့အခြေအနေမှာအမှားတွေထပ်မလုပ်ချင်။သူမကိုယ်တိုင်ကလည်းဒီအခြေအနေကိုသဘောမကျမှန်းသူသိသည်။
ဂျောင်အင်သည်သူမသူငယ်ချင်းတွေလက်ချက်ဆိုတာသိလိုက်ပြီမို့ဂုဏ်ပြုသံတွေ.လက်ခုပ်သံတွေ.အားကျကြဝမ်းသာနေကြတဲ့အကြည့်တွေကိုကျောခိုင်းထားပစ်ခဲ့သည်။
လီဆွန်းမသိလိုက်တာကသူတွေးထားသလိုမဟုတ်ပဲဂျောင်အင်ဟာKingကိုဘယ်လိုအခြေအနေမျိုးမဆိုပြတ်သားနိုင်ခဲ့ပြီဆိုတာ။ဆူညံသံတွေရပ်ကုန်သည်။အထူးသဖြင့်သူမသူငယ်ချင်းတွေသည်သူမထွက်သွားလိမ့်မယ်လို့မထင်တဲ့အတွက်ချက်ချင်းတိတ်ကျသွားသည်။screenပေါ်ကမြင်ကွင်းသာမြင်လိုက်ရသူတွေမသိခဲ့တဲ့ဖြစ်ရပ်လေးတခု...။အကုန်လုံးဟာဟန်ဂျောင်အင်သူငယ်ချင်းတွေရဲ့လုပ်ရပ်တွေချည်းပါပဲ..။လူစုလူရုံးတွေဖြစ်နေတဲ့အချိန်ပဲဟန်ဂျောင်အင်ထွက်မသွားခင်ရိုက်ထားတဲ့videoကိုသူတို့မေဂျာgroupထဲပို့ပြီးတဆင့်တဆင့်ပြန်ဖြန့်သည်။ဂျောင်အင်ထွက်သွားတဲ့အချိန်videoကgroupတွေအကုန်လုံးဆီရောက်သွားနှင့်ခဲ့ပြီ..။
သူမသူငယ်ချင်းတွေလုပ်ရပ်ဟာသူမကိုစိတ်ဆိုးစေပါသည်။သူမသေချာဆုံးဖြတ်ထားပြီးသားအရာကိုအကြောင်းအရင်းမသိပါစေဦးတော့.လေးစားမှုလေးရှိတာကိုလိုချင်သည်။သူမကိုလိမ်ပြီးKingနဲ့တွေ့ပေးတာမျိုးတွေထိသူမကိုချစ်လို့လုပ်ပေးကြတာပဲဆိုပြီးနားလည်ပေးခဲ့သည်။
အခုအခြေအနေသည်သူမအပြင်ထယ်ယောင်းရဲ့ဆန္ဒလည်းမရှိနေဘူးဆိုတာသူမသိသည်။ရည်ရွယ်ချက်ရှိစွာနဲ့နှစ်ယောက်လုံးကိုလူအများအလယ်မှာအရူးတွေဖြစ်အောင်လုပ်ခဲ့ကြတာကြောင့်ပိုဒေါသထွက်ရပါသည်။"ရား..ငါတို့သူငယ်ချင်းရှက်သွားတာပဲ..ဘာလုပ်နေတာလဲထယ်ယောင်း...လိုက်သွားလေ.."
"ကင်မ်ထယ်ယောင်း..ဒါနင့်အတွက်အခွင့်အရေးနော်ဒီလိုအချိန်မှာနင်proposeပြန်လုပ်ရင်ဂျောင်အင်ငြင်းမှာမဟုတ်ဘူးမြန်မြန်သွား.."
![](https://img.wattpad.com/cover/323588598-288-k210562.jpg)
CZYTASZ
Fake Boyfriend👨❤️👨
Romansမာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin