"ဂျီမင်!!မောင့်ကိုစောင့်ဦး.."
သူ့နာမည်နဲ့အတူနာမ်စားလေးတခုပါလာကာအသံသြသြကြီးအနောက်ကထွက်လာတဲ့အခါမှန်ကြောင်လေးမျက်လုံးလေးတွေပြူးသွားရင်းအနောက်ကိုကြည့်လိုက်တော့သူ့ဆီပြေးလာနေတဲ့ကင်မ်ထယ်ယောင်း..။ဘေးဘက်ကိုကြည့်လိုက်တော့တနေ့တာအတန်းပြီးချိန်ဖြစ်လို့တက္ကသိုလ်ကျောင်းလမ်းကျယ်ကြီးပေါ်မှာလူတွေ..။အဲ့ဒီအသံသြကြီးနဲ့နောက်ပြီးKingဖြစ်နေတာကြောင့်သူ့ကိုလည်ပြန်စောင်းကာကြည့်သွားကြသည်။စောင့်ကြည့်နေတဲ့သူတွေများပြီးနည်းနည်းလည်းရှက်လာတာကြောင့်မှန်ကြောင်လေးကKingကိုမ
စောင့်ပဲအိမ်ပြန်လမ်းကိုဆက်ဦးတည်သည်..။သို့ပေမဲ့ခြေလှမ်းကျယ်ကြီးတွေကတခဏအတွင်းအနားကိုရောက်ချလာသည်။
"မောင့်ကိုစောင့်ပါဆိုတာကို..."
"ဘာလို့စောင့်ရမှာလဲ..လမ်းမပေါ်လူတွေနဲ့မင်းကဘာတွေလျှောက်အော်နေမှန်းမသိဘူး..."
"ဂျီမင်းနီးကြားအောင်ပဲအော်တာပါ..."
"ဘာလဲဘာလုပ်မလို့လဲ.."
"တူတူပြန်မလို့လေ.."
မှန်ကြောင်လေးကလည်းဆက်လျှောက်နေသလိုKingကလည်းဘေးနားကဆက်ပြော.တူတူပြန်မလို့ဆိုတဲ့စကားကြားတော့မှန်ကြောင်လေးခြေလှမ်းတွေရုတ်တရက်ရပ်ပြီးလှည့်ကြည့်လာသည်။
YOU ARE READING
Fake Boyfriend👨❤️👨
Romanceမာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin