.Unicode
.
ပါးလေးကိုခွင့်မတောင်းပဲနမ်းရှိုက်သွားခဲ့တယ်..
ကျွန်တော့်တို့မရင်းနှီးကြသေးပါ..
သူ့အကြံအစည်ကြီးပိုပီပြင်အောင်စေဖို့အတွက်သာဖြစ်တာကြောင့်..။
ကျွန်တော့်ပုခုံးတွေကိုပိုင်ပိုင်နိုင်နိုင်ဖက်လေ့ရှိတယ်..သူ့မှာမထိရဲတာမကိုင်ရဲတာမျိုးမရှိပါ...။
စကားပြောတိုင်းမျက်နှာနားအနီးကပ်ဆုံးတိုးကပ်
တာမျိုးမှာကျွန်တော်ကျင့်
သားမရသေးတာကကျွန်တော်ကတုံသအနေတဲဲ့သူဖြစ်တာထက်သူကလည်ဝယ်နေလွန်းနေတာမို့...။ဟန်ဆောင်ခြင်းတွေ.လိမ်လည်ခြင်းတွေအောက်မှာကျွန်တော့်ရင်ခုန်သံတချို့အစပြုခဲ့တယ်...။မဖြစ်သင့်တဲ့အရာမို့အဆုံးသတ်ကိုဘယ်သူကဖန်တီးပေးမှာလဲသိချင်မိရဲ့။seoulမြို့ရဲ့နာမည်ကြီးတက္ကသိုလ်ကျောင်းကြီးမှာဂယက်မဆန်တဲ့နေ့ဆိုတာကိုမရှိလို့ပျင်းစရာတော့မဖြစ်ပါ...။ဒီတခါတွင်တော့ဂယက်တွေသယ်ခေါ်နေကြမိန်းကလေးတွေအပြင်ယောကျာ်းလေးတွေပါ.ပါဝင်နေခဲ့သည်။
"အကောင်းစားအဝတ်အစားတွေKingကဘယ်လောက်ဆင်ဆင်.မိတ်ကပ်ဆရာတွေနဲ့နေ့တိုင်းသွားသွားပြင်လည်းအူကြောင်ကျားကအူကြောင်ကျားပဲ..ငါ့မျက်စိထဲတော့ဘာမှမပြောင်းသွားဘူး..သေချာကြည့်ရင်ပတ်ခ်ဂျီမင်မျက်နှာမှာဝက်ခြံတွေတောင်ရှိနေတယ်..."
လက်ရှိကျောင်းတွင်Kingထက်နာမည်ပိုကြီးနေတာမှန်ကြောင်လေးဖြစ်နိုင်သည်။မကြိုက်ဘူး.မချောဘူးလို့သာပြောနေကြပေမဲ့ဘယ်နေရာရောက်ရောက်မှန်ကြောင်လေးအကြောင်းချည်းသာ...။မကောင်းကြောင်းဖြစ်နေလည်းKingရဲ့ချောကြောင်းမောကြောင်းကိုနေ့တိုင်းပြောရာမှKingကိုမေ့သည်ထိမှန်ကြောင်လေးကစိုးမိုးထားခဲ့သည်။
အခုလည်းskin careမသုံးကိုယ့်မျက်နှာကိုဂရုမစိုက်တတ်ပဲမျက်နှာသစ်ဆေးတခုနဲ့သာပြီးနေခဲ့လို့ဝက်ခြံလေးတွေဖြစ်တည်လာမှုကိုပြစ်ချက်ကြီးတခုအနေနဲ့မဲ့ရွဲ့ပြောနေသည်။
"ဒါပေမဲ့ဝက်ခြံနဲ့တောင်ကြည့်ကောင်းနေတာပတ်ခ်ဂျီမင်တယောက်ပဲရှိမယ်ထင်တယ်..."
မိမိတို့အုပ်စုထဲကယောကျာ်းတွေထဲကတယောက်ကသူမရဲ့စကားကိုဆန့်ကျင်လာတော့မိန်းကလေးများရဲ့မကျေနပ်သောမျက်လုံးတွေကအစုလိုက်အပြုံလိုက်ရောက်လာကြသည်။
![](https://img.wattpad.com/cover/323588598-288-k210562.jpg)
VOCÊ ESTÁ LENDO
Fake Boyfriend👨❤️👨
Romanceမာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin