FB(25).2

1K 132 43
                                    

Unicode
.

အရောင်အဝါတွေပျောက်ကွယ်ပြီးနာကျင်ခြင်းတွေနဲ့ဆိုင်ကနေထွက်သွားတဲ့ကျောပြင်ကမျက်စိထဲကမထွက်..။သူမနဲ့ဘယ်လိုစကားတွေပြောခဲ့ကြလို့မာနတခွဲသားKingကတစစီကြေကွဲလုနီးပါးဖြစ်သွားရတာလဲ..။ညဘက်အိပ်ချိန်ရောက်နေလည်း'အဆင်ပြေနေရဲ့လား'လို့တသသတွေးပြီးရင်မောနေရတယ်..။သူကတော့သူ့ပုံစံအတိုင်းအရေးမလုပ်ခဲ့ပေမဲ့လည်းကျွန်တော်ကလည်းအမှတ်မရှိစိတ်ပူနေဆဲပဲ..။

အိပ်ယာထဲဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့မီးတွေအကုန်ပိတ်ထားလည်းအိပ်မရခဲ့ဘူး..။အဲ့ဒီအချိန်ခပ်သဲ့သဲ့ကြားလိုက်ရတဲ့ကားစက်သံသည်မှန်ကြောင်လေးကိုနိုးကြားသွားစေသည်။
စိတ်ထဲကပဲထင်နေတာလားလို့တွေးလိုက်ပေမဲ့မသက်ာတာကြောင့်အိပ်ယာကထကာပြတင်းပေါက်ကိုသွားကြည့်မိတော့သူအံ့သြသွားရသည်။

"တကယ်ထယ်ယောင်းပဲ.."

အရင်တခါလိုဆူဆူညံညံတွေသူမလုပ်နိုင်ဘူး..။မလုပ်နိုင်ဆိုကားပေါ်ကဆင်းလာတာတောင်ယိမ်းယိုင်ထိုးနေတာ..။မှန်ကြောင်လေးမီးတွေဖွင့်ပြီးသော့တွေယူကာအိမ်ပြင်ကိုအမြန်ထွက်သွားသည်။ခပ်နိမ့်နိမ့်ခြံစည်းရိုးလေးကိုဖွင့်လိုက်တော့မြေပြင်ပေါ်ထိုင်ချကာခြံစည်းရိုးကိုမှီထားတဲ့သူ..။မျက်လုံးတွေကမပွင့်နိုင်..။အံကျိတ်ကာတစုံတခုကိုမှိတ်ကျိတ်ခံစားနေရတဲ့ပုံစံ။
Kingပုံစံကclubကနေ့ကထက်ကိုပိုဆိုးနေတာ။
မှန်ကြောင်လေးငုတ်တုပ်လေးထိုင်လိုက်ကာသေချာကြည့်တော့အရက်နံ့တွေခပ်ပျင်းပျင်းရပြီးမျက်နှာမှာဒဏ်ရာတွေအနည်းငယ်ရှိနေတယ်..။ရန်ဖြစ်လာပြန်ပြီထင်တယ်..။သူအလုပ်လုပ်တဲ့ဆိုင်ကိုကျတော့တက်ညီလက်ညီမျှားဦးလှည့်ခဲ့ကြပြီးဒီလိုအချိန်မှာတော့အပေါင်းအဖော်တွေဟာKingကိုတယောက်တည်းပစ်ထားကြတာလား..။

"ထယ်ယောင်း...မင်းငါ့ဆီရောက်လာတာကိုသိရဲ့လား...ဒီတိုင်းကြီးမဖြစ်ဘူးနော်..အိမ်ထဲဝင်မှာလား.."

အိမ်ထဲဝင်မှာလားလို့မေးတော့..ရှုံ့မဲ့နေတဲ့မျက်နှာနဲ့ခေါင်းငြိမ့်ပြသည်။မှန်ကြောင်လေးတချက်ပြုံးမိသွားပြီးKingကိုထူတွဲခေါ်ကာအိမ်ထဲဝင်ခဲ့သည်။ဘယ်လောက်တွေတောင်သောက်ထားလဲမသိ..clubကနေ့တုန်းကထက်ကိုယ့်ကိုကိုယ်မသယ်နိုင်ဖြစ်နေတော့မှန်ကြောင်လေးတခုတည်းရှိတဲ့သူ့အခန်းဆီခေါ်လာပြီးအိပ်ယာပေါ်မှာ
လှဲစေလိုက်သည်။နေရာတကျဖြစ်အောင်ပြင်ပေးပြီးဖိနပ်တွေလည်းချွတ်ပေးသည်။ငြီးငြူးသံတခါတခါထွက်တာကလွဲပြီးKingကဘာမှသွေးဆိုးတာမျိုးမရှိဘူး..။အရက်ရဲ့အရှိန်တွေကြောင့်ငြိမ်ငြိမ်လေးပဲချက်ချင်းအိပ်ပျော်သွားတယ်။မှန်ကြောင်လေးကြမ်းပြင်မှာထိုင်လိုက်ပြီးkingမျက်နှာရဲ့ဘေးမှာအိပ်ယာပေါ်မျက်နှာလေးတင်ထားသည်။လက်ပေါ်မေးလေးထောက်ပြီးဒဏ်ရာတချို့နဲ့သွယ်လွန်းတဲ့မျက်နှာလေးကိုအသေအချာကြည့်နေမိသည်။

Fake Boyfriend👨‍❤️‍👨Where stories live. Discover now