FB(19)

1.1K 155 60
                                    

.Unicode
.

"ဘယ်သူလဲသား..."

ထမင်းစားပွဲမှာသူမတို့သားရဲ့ဖုန်းဖြေသံကပြတ်သားလွန်းနေတော့သူဋ္ဌေးကတော်ဆီကမေးသံထွက်လာသည်။

"ဟိုကောင်တွေလှမ်းစနေတာ...ညနေကလည်းသောက်လာသေးတာကို..အဲ့ကောင်တွေအခုထိအိမ်ပြန်မရောက်ကြသေးဘူးထင်တယ်..."

အရက်သောက်ခဲ့သေးတာကိုလည်းဘာမှလိမ်ညာနေစရာမလိုအဖေ.အမေရှေ့ပွင့်ပွင့်လင်းလင်းပဲ..။မိဘနဲ့သားသမီးကြားပွင့်လင်းမှုကအဓိကမို့အဲ့ဒီအချက်နဲ့သာသားသမီးကိုစောင့်ရှောက်လို့သောက်ခဲ့စားခဲ့လည်းအပြစ်မမြင်ပါ။သူဋ္ဌေးရောသူဋ္ဌေးကတော်ရောအလုပ်စောပြီးတဲ့နေ့တွေမိသားစုထမင်းဝိုင်းမှာသားငယ်ဟာအချိန်မှီပြန်လာပြီးအတူစားပေးရင်ရပြီ။တခါတလေမိဘတွေနောက်ကျနေတာမျိုးမှာသားဖြစ်သူကလည်းအပြင်မှာပဲညလုံးပေါက်အချိန်ကုန်နေတာမျိုးကိုနားလည်ပေးထားသလိုမိသားစုထမင်းဝိုင်းကိုတော့အလိုက်တသိရှိနေပေးရမယ်...။အပြန်အလှန်နားလည်မှုနဲ့Kimအိမ်တော်ကတဦးတည်းသောသားလေးကိုရာနှုန်းပြည့်လည်းလွှတ်မထားသလို.စည်းကမ်းတွေမတရားလည်းတင်းကျပ်မထား...။လူတိုင်းလိုချင်တဲ့ဘဝမျိုးနဲ့အဘက်ဘက်ကအားကျစရာတွေနဲ့ပဲKingကဖြစ်တည်နေတာ။

"တခြားသူတွေပျော်ပါးနေတဲ့ommaသားလေးအိမ်ပြန်ရောက်နေတော့လိမ်မာတာပေါ့..."

"ဒါပေါ့..ကျွန်တော်ကအပြင်မှာသာဆိုးပေမဲ့appaနဲ့ommaကိုအမြဲလေးစားပြီးသား..."

"အပြင်မှာလည်းommaသားလေးကမဆိုးပါဘူး..ဘယ်သူကပြောလဲ..ပျက်စီးနေတဲ့ကောင်လေးတွေမှတပုံကြီးသူတို့ထက်စာရင်ommaသားလေးကအများကြီးလိမ်မာတယ်..."

Kingဟာသူဘာလုပ်လုပ်​ဆိုးတယ်လို့မမြင်ပဲအကောင်းပဲပြောပေးတဲ့မိဘရှိနေတော့ပိုဆိုးကောင်းနေတာပေါ့...။အကောင်လိုက်ဆိုးပြတာမမြင်တဲ့အခါသူတို့သားလေးဟာတစုံတယောက်ပေါ်အနိုင်ယူလို့ရသမျှအနိုင်ယူနေတဲ့ဆိုးသွမ်းခြင်းတွေကိုဘယ်သိမလဲ။

အမေဖြစ်သူရဲ့အကုန်ခွင့်လွှတ်ပေးနေတဲ့စကားကြားတိုင်းKingဟာဆက်ဆိုးဖို့အားတွေရှိပြီးကလေးလေးတယောက်လိုကျေကျေနပ်နပ်ပြုံးလေ့ရှိတယ်။အိမ်တအိမ်မှာယောကျာ်းဖြစ်သူကအိမ်ထောင်ဦးစီးဖြစ်နေလည်းမိန်းမကိုချစ်နေရရင်တော့အာဏာကမိန်းမဖြစ်သူလက်ထဲမှာ..အာဏာကြီးတဲ့မိခင်ဖြစ်သူတုန်နေအောင်ချစ်အောင်နေတတ်တော့အရာအားလုံးဟာKingစိတ်ကြိုက်Kingသဘောကိုဖြစ်လို့....။

Fake Boyfriend👨‍❤️‍👨Where stories live. Discover now