.Unicode
နေလုံးကြီးတဖြည်းဖြည်းငုတ်လျှိုးသွားလိုက်တာညနေစောင်းလို့မိုးချုပ်စတောင်ပြုနေပြီ။တနည်းအားဖြင့်အချိန်အကြာကြီးစဥ်းစားပြီးတာတောင်ဝေဝါးနေဆဲဆုံးဖြတ်ချက်တွေကိုမြန်မြန်ချလိုက်ပါတော့လို့အသိပေးနေသယောင်...။ဆိုင်လေးထဲတွင်လူတွေလည်းကျဲလာခဲ့သည်။စားပွဲခုံလွတ်တွေသုတ်.ရှင်းစရာရှိတာရှင်းနေရင်းအိမ်မပြန်ချင်တော့ပဲဒီဆိုင်လေးထဲမှာပေကပ်နေချင်တော့သည်။သို့ပေမဲ့သူ့အလုပ်ချိန်ကပြည့်နေတော့ဆိုင်ရှင်ကတောင်မပြန်သေးဘူးလားလာမေးနေသည်။ဆိုင်ထဲတွင်အလုပ်လုပ်ရင်းအပြင်ကိုခိုးခိုးကြည့်ခဲ့တာ.ဟိုသူဋ္ဌေးသားကိုလူရောကားရောမတွေ့တော့ပါ....။သူဋ္ဌေးသားတွေတနေရာရာပျော်ပါးပြီးအလျော်ပြန်လာတောင်းဖို့မေ့သွားတာပဲဖြစ်ပါမည်...။တညတော့ခေါင်းအေးအေးနဲ့စဥ်းစားချင်သေးတာမို့ ပြောသွားခဲ့သလိုစောင့်မနေပါစေနဲ့လို့သာဆုတောင်းရင်းစားပွဲထိုးအသွင်ကိုလဲခဲ့ကာလွယ်အိတ်လေးပြန်လွယ်ပြီးထွက်လာခဲ့သည်။ဆိုင်တံခါးကိုဖွင့်ပြီးပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်တဲ့အခါဆုတောင်းတွေမပြည့်ခဲ့ပါ။ဆိုင်နဲ့အနည်းငယ်လှမ်းသောသစ်ပင်လေးအောက်တွင်ပြိုင်ကားလှလှ၏အရှေ့အဖုံးပေါ်တွင်တက်ထိုင်ကာစောင့်နေသူ။ဒါမျိုးကျသူဋ္ဌေးသားတွေကအချိန်မှန်တိကျနေပြန်သည်။လမ်းသွားလမ်းလာလူတွေသည်ပြိုင်ကားပေါ်တမ္ဘာလုံးကလူတွေထိုင်လုပ်ကျွေးတာခံနေရသောမျက်နှာထားမျိုးဖြင့်ထိုလူသားကိုသမင်လည်ပြန်ကြည့်သွားကြသည်။ချောလို့မိုက်လို့ကလွဲရင်ဘာရှိဦးမှာလဲ။သူလည်းကျွန်တော့်ကိုမြင်သွားခဲ့သည်။
ရှိမနေရင်လစ်ပြေးချင်ခဲ့ပေမဲ့တကယ်တမ်းစိုက်ကြည့်ခံလိုက်ရတဲ့မှန်ကြောင်လေးဟာဖြည်းဖြည်းချင်းတန်းတန်းမတ်မတ်သူ့ဆီသွားနေခဲ့သည်။မျက်စိရှုပ်လောက်သောအရောင်ထင်းထင်းတွေဝတ်ဆင်ထားသောထိုလူသားသည်ကားပေါ်မှခုန်ဆင်းလာကာ....
"ဘယ်လိုလဲ...ငါ့အကျီဖိုးလျော်မှာလား...ငါ့ရည်းစားလုပ်မှာလား...."
ငါ့ရည်းစားဆိုပြီးတင်တင်စီးစီးထပ်မံကြားလာရတဲ့စကားစု...။ရည်းစားမပြောနှင့်ရုန်းကန်းနေရတဲ့နေ့ရက်တွေထဲအချစ်ကတောင်စိတ်ပျက်ပြီးဝင်မလာတဲ့သူ့ကိုဒဲ့ဒိုးကြီးပြောပြောချလိုက်ခြင်းသည်မှန်ကြောင်လေးကိုရှက်လည်းရှက်စေသလို.ဆွံအသွားစေပါသည်။လက်ထဲမှာသာအဲ့ပိုက်ဆံတွေရှိနေရင်ထိုလိုမျိုးထပ်မပြောလာအောင်တန်းပေးပြီးသားပါပဲ။
![](https://img.wattpad.com/cover/323588598-288-k210562.jpg)
YOU ARE READING
Fake Boyfriend👨❤️👨
Romanceမာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin