.Unicode
"အရမ်းလိုချင်နေတယ်လို့မထင်စေချင်ပေမဲ့လည်းပြောရဦးမယ်...ညကလောင်းကြတာငါနဲ့ထယ်ယောင်းဘက်ကနိုင်တယ်နော်..လီဆွန်းမင်းတို့ဘက်ရှုံးတယ်..အဲ့တော့ပြောထားတဲ့အတိုင်းပေးပါ..""စားနေသောက်နေချိန်မှာဘာစကားတွေလာပြောနေတာလဲ..ငါတို့ရှုံးသွားတာငါတို့သိတယ်..ထယ်ယောင်းဘက်ငါလောင်းလိုက်ရမှာကွာ..လီဆွန်းမင်းကြောင့်ငါပါရှုံးပြီ..."
"အဲ့တော့မင်းကမကျေနပ်ဘူးလား..မင်းလည်းငါ့ဘက်ကနေလောင်းပါလို့ငါမပြောခဲ့ပါဘူး..မင်းဘာမင်းငါပြောတာယုံတာလေ..အပြစ်တင်ချင်ရင်ပြောသမျှယုံတဲ့မင်းဦးနှောက်ကိုပဲအပြစ်တင်.."
"ငါကဘောလုံးမှသိပ်စိတ်မဝင်စားတာ..မင်းပြောတုန်းကနိုင်ချေများတဲ့ဘက်ငါလည်းလောင်းလိုက်မိတာပေါ့..ဒါပေမဲ့အခုငါ့မှာပြောင်နေပြီ..."
"ဘာလဲ -င်လား..."
"f**k..moneyကိုပြောတာကွ..ငါအိမ်တောင်းတာတော်တော်များနေပြီ..ခိုးမှရတော့မယ်..."
ကန်တင်းမှာKingတို့အဖွဲ့ကလွဲပြီးလူတစ်တယောက်စနှစ်ယောက်စလောက်ပဲရှိသည်။လူရှိရှိမရှိရှိဂရုမစိုက်တဲ့သူတို့ကတော့ပြောစရာရှိတာကိုလေသံမလျှော့ပြောဆဲ...။Kingအုပ်စုကန်တင်းမှာရှိနေမှတော့မှန်ကြောင်လေးကလည်းထိုအဖွဲ့ထဲပါသပေါ့..။ဒါပေမဲ့လည်းလူသာထိုင်နေရပြီးအားလုံးကကိုယ်ပျောက်လူသားလိုသာဆက်ဆံသည်။Kingကိုယ်တိုင်ကအစရှိမှန်းတောင်မသိ..အပေါင်းအသင်းအကုန်လုံးကလည်းစကားသံတွေကျယ်ကျယ်လောင်လောင်နဲ့သူတို့်အချင်းချင်းသာဟေးလားဝါးလား...။ဘာစကားတွေပြောနေကြမှန်းလည်းမှန်ကြောင်လေးနားမလည်သလိုတချက်တချက်ပွင့်လင်းလွန်းသောစကားရိုင်းတချို့ကြောင့်သူတို့အစားမှန်ကြောင်လေးရှက်နေရသည်။မှန်ကြောင်လေးဘဝမှာအဲ့လိုစကားတွေတခါမှမပြောဖူးသလိုဆဲတဲ့စကားလုံးတောင်ရေရေရာရာမသိခဲ့ဘူး...။သူတို့ကတော့အချင်းချင်းစကြနောက်ကြကာစိတ်မဆိုးကြဘူးဆိုပေမဲ့လည်း.သူသာဆိုသူငယ်ချင်းဖြစ်တဲ့ဟိုဆော့နဲ့အဲ့လိုမျိုးတွေနှုတ်ကမထွက်ရဲပါ။မှန်ကြောင်လေးနဲ့အဲ့ဒီအခေါ်အဝေါ်တွေဟာစိမ်းသက်နေသည်။ကိုယ့်လည်းအဖတ်မလုပ်စားပွဲဝိုင်းအတူတူတွင်လူပိုတယောက်ဖြစ်နေပေမဲ့
Kingအမိန့်မရမချင်းထပြန်လို့မဖြစ်၍သည်းခံပြီးတော့သာနေရသည်။
![](https://img.wattpad.com/cover/323588598-288-k210562.jpg)
VOUS LISEZ
Fake Boyfriend👨❤️👨
Roman d'amourမာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin