FB(6)

1.2K 185 102
                                    

.Unicode
.
အထက်တန်းကျောင်းတွေမှာပဲဖြစ်ဖြစ်.တက္ကသိုလ်တွေမှာပဲဖြစ်ဖြစ်စာကြည့်တိုက်ဆိုသောနေရာသည်စာလေ့လာချင်သူများတိတ်တိတ်ဆိတ်ဆိတ်စုဝေးတဲ့နေရာမျိုး...။ယခုတော့စာကြည့်တိုက်ကတက္ကသိုလ်ရဲ့ဘယ်ဘက်အခြမ်းမှာလား.ညာဘက်အခြမ်းမှာဆိုတာတောင်မသိသောKingရောက်နေတဲ့အခါကျောင်းသူမလေးတွေဟာအပြုံလိုက်အပြွတ်လိုက်။လူများလွန်းလို့တိတ်တိတ်မနေKingအကျီအရောင်နဲ့တူလို့ဆိုကာခုန်ပေါက်အော်ဟစ်ပြီးအတင်းကိုယ့်ကောင်လေးဆွဲစိနေကြသောကောင်မလေးတွေကိုစာကြည့်တိုက်မှူးကတောင်းတောင်းပန်ပန်နဲ့ပြန်လွှတ်ကာလူလျှော့လိုက်ရသည်။

အနှင်ခံရမှာကြောက်သူတွေကတော့တိတ်တိတ်လေးသာKingကိုငေးကြည့်.အသည်းယားလည်းစိတ်ထဲမှာသာအော်လက်သီးဆုပ်ပြီးတော့သာဖြေဖျောက်နေသည်။ဘယ်ဘက်မှမပါပဲဟန်ဂျောင်အင်နဲ့ပဲတွဲတွဲ.ဘယ်သူနဲ့တွဲတွဲစိတ်မဝင်စား.အမြဲငါ့ကောင်လေးဟုသတ်မှတ်ထားသူတွေကလည်းသက်သက်ရှိပြီးသား။သူတို့ကတော့Kingရဲ့မြင်ကွင်းတွင်ထောင့်နားလေးကပဲဖြစ်ဖြစ်ကပ်ပါသွားစေရန်ကြိုးစားဆဲ။

Kingဘယ်သွားသွားနောက်ကအမြဲပါသောအုပ်စုသည်စာကြည့်တိုက်နဲ့အံမကိုက်တဲ့အခါအရက်ဆိုင်ကိုသွားနေကြလေပြီ။Kingနဲ့အတူပါလာတာဟာလတ်တလောKingအရမ်းဂရုစိုက်ပြနေတဲ့ရည်းစားသစ်လေး..။အသစ်တွဲသွားသည့်သူဟာKingနားမြင်ဖူးဖို့မပြောနဲ့..တခန်းထဲနေသူချင်းတွေပင်ရှိတယ်လို့မသတ်မှတ်ထား.အဆင့်မြင့်တဲ့အသိုင်းအဝိုင်းကလည်းမဟုတ်.ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့အခါစဥ်းတော့စဥ်းစားစရာ။

စာကြည့်တိုက်တွင်ပြင်ပကစာအုပ်အရောင်းဆိုင်တွေလိုအထပ်တွေနဲ့စာအုပ်လေးတွေကိုစီရီထားသည်။ထိုင်ဖတ်ဖို့ဇိမ်ကျကျထိုင်ခုံတွေလည်းရှိသည်။စာအုပ်တွေသည်ကျောင်းသင်ခန်းစာများနှင့်သက်ဆိုင်သည့်စာများအပြင်.ဗဟုသုတဖြစ်ဖွယ်စာအုပ်အမျိုးအစားစုံစုံလင်လင်ရှိသည်။

ဟန်ဂျောင်အင်သည်လွတ်လပ်ပေါ့ပါးစွာနေတတ်သလိုစာပေလည်းအားတဲ့အခါမှာ
ဖတ်တတ်သူမို့သူငယ်ချင်းတွေမပါပဲတယောက်တည်းစာအုပ်လေးတွေရွေးနေသည်။ဟန်ဂျောင်အင်စာကြည့်တိုက်ရောက်လာပြီးသိပ်မကြာလိုက်.Kingဟာလည်းရည်းစားအသစ်ရဲ့လက်ကိုဆွဲပြီးရောက်ချလာသည်။ရည်းစားဟောင်းနဲ့kingတို့ထိပ်တိုက်တွေ့တိုင်းပွဲကြီးပွဲကောင်းပဲလို့အားပါပါတွေးပြီးပိုစောင့်ကြည့်လေ့ရှိကြသည်။

Fake Boyfriend👨‍❤️‍👨Where stories live. Discover now