FB(28)

1.1K 151 46
                                    

.Unicode
.
ဖြစ်ပျက်ခဲ့သမျှကိုတွေးရင်းရှက်စိတ်လေးတွေနဲ့
နှစ်ရက်လောက်ဆယ်ကျော်သက်ဘဝမှာ
အသည်းကွဲအရသာကိုအပြည့်အဝခံစားပြီးနောက်မှာမှန်ကြောင်လေးကျောင်းပြန်တက်ခဲ့သည်။မျက်နှာချင်းမဆိုင်ရဲသေးသူရှိနေပေမဲ့လည်း assignmentတွေရှိ​သေးသလို
groupနဲ့လုပ်တဲ့projectတွေမှာသူ့အပိုင်းကိုပေးရဦးမည်ဖြစ်တာကြောင့်ကျောင်းမသွားလို့မဖြစ်တော့ပါ..။

ဟိုမရောက်ဒီမရောက်အခြေအနေလေးတွေတုန်းကကျောင်းရောက်တာနဲ့စာသင်ချိန်ကလွဲပြီးကျန်တဲ့အချိန်အကုန်လုံးဟာKingတို့အဖွဲ့ကြားထဲဘယ်သွားသွားညပ်ပါသွားတာကများသည်။ညဆိုလည်းဖုန်းလာမဲ့အချိန်လေးကိုရင်တခုန်ခုန်နဲ့စောင့်လို့ရသည်။အခုတော့ဖုန်းတွေလည်းမလာတော့သလိုကျောင်းရောက်တော့လည်းသွားစရာကိုယ့်စာသင်ခန်းထဲပဲရှိတော့သည်။
ဟန်ဆောင်ပေးရသည့်ကိစ္စကဘယ်လိုဖြစ်သွားလဲမသိပေမဲ့သူရှိနေတဲ့နေရာကိုသိနေပေမဲ့သွားတွေ့ဖို့လည်းမရဲသလို.သိပ်အဆင်ပြေခဲ့ကြတဲ့
အခိုက်အတန့်တိုင်းကိုဟန်ဆောင်နေခဲ့ကြတယ်လို့ကိုသဘောမထားခဲ့တာမို့ပိုထိခိုက်ရသည်..။သူ့အကြည့်တွေအမူအယာတွေဟာစိတ်ရင်းလို့လေးလေးနက်နက်ခံစားနေရတုန်း။ရူးနှမ်းခြင်းတမျိုးပါပဲ။

အရင်ကဆိုစာသင်ချိန်တွေမှာအရေးကြီးတာတွေရောမကြီးတာတွေရောလိုက်မှတ်တတ်ပေမဲ့အခုတော့နားထဲဝင်လိုက်တဲ့ဟာမျိုးပဲမှတ်နေမိသည်။
အနောက်ကအုပ်စုကလည်းအသံမျိုးစုံပြုကာလှမ်းခေါ်လိုက်.ရေးထားတဲ့noteတွေတောင်းလိုက်နဲ့ရိုးရာမပျက်နှောက်ယှက်သည်။ဟိုတခါလမ်းကြားကကိစ္စမှာထဲကသူတို့ကအပျော်သဘောမဟုတ်ပဲမထင်သလိုအန္တရယ်ရှိတတ်ကြောင်းသိလိုက်သည်။ပိုသတိထားပြီးပိုကင်းကင်းနေရမည်လို့လည်းခေါင်းထဲအမြဲရှိသည်။

မနက်ခင်းအတန်းချိန်တွေမှာအပြည့်တက်ခဲ့ပြီးနောက်အဖွဲ့ထဲသူတာဝန်ကျတဲ့အပိုင်းလုပ်ထား​တာကိုပေးခဲ့ပြီးနောက်နေ့လယ်စာစားဖို့အတန်းဖြုတ်တော့အပြင်ကိုထွက်လာခဲ့သည်။ဘယ်ကိုသွားရမှန်းမသိကာခြေလှမ်းတွေသည်အကျင့်ပါကာသူ့ဆီသွားဖို့ပြင်လိုက်မိသည်။ဘယ်လိုမျက်နှာမျိူးနဲ့သွားရဲပါ့မလဲ..။ဟန်ဆောင်ရည်းစားအဖြစ်လေးတောင်မသက်ဆိုင်တော့​တာကို..။

Fake Boyfriend👨‍❤️‍👨Où les histoires vivent. Découvrez maintenant