FB(11)

1.5K 198 90
                                    

.Unicode
.
ကျောင်းရှေ့တွင်တစီးပြီးတစီးဆင့်ရပ်လာကြတဲ့ပြိုင်ကားတွေ....။ကျောင်းရဲ့နာမည်ကျော်လူဆိုးလေးများအဖွဲ့ဟာမှန်ကြောင်လေးအခန်းရှိရာဆီသွားနေကြသည်။တာဝန်အရမှန်ကြောင်လေးဒီမနက်ကန်တင်းကိုလာခဲ့ပေမဲ့Kingတင်မကတဖွဲ့လုံးအရိပ်တောင်မတွေ့ရ...။Kingဟာသူ့အပေါ်ဒေါသတွေဖို့ချအော်ငေါက်ပြီးတိုင်းသူပဲအရင်ပျောက်သွားသည်။မနက်ပိုင်းအတန်းချိန်တချိန်အပြီးနောက်ဆရာမလာဖို့အတွက်စောင့်နေရသည်။ထိုအချိန်အခန်းထဲမပြောမဆိုဓားပြတိုက်သလိုဝင်ချလာတဲ့အုပ်စု...။ဘယ်သူတွေကဒီလိုဝင်လာရဲတာလဲကွဆိုသောအကြည့်တွေနဲ့ကြည့်လိုက်ရာတကျောင်းလုံးရဲ့အသည်းကျော်Kingကနောက်တွင်ပါလာတဲ့အခါမျက်လုံးနှစ်ဖက်မှအသည်းပုံတွေထွက်ကျကာအသံပေါင်းစုံသွားသည်။Kingရှိတဲ့နေရာကိုသာသွားသွားချောင်းနေရတာ..အခန်းထဲရုတ်တရက်ရောက်ချလာတာမို့
အပျော်လွန်ကာမှန်တွေထကြည့်.နှုတ်ခမ်းနီတွေထဆိုးသူကဆိုးနှင့်Kingရဲ့အာရုံစိုက်မှုရဖို့ပြင်ဆင်ရသည်။သူတို့အခန်းထဲမှာKingရဲ့ရည်းစားရှိနေတယ်ဆိုတာတော့ဗြောင်တင်ပဲမေ့ထားခဲ့ကြသည်။

နောက်ဆုံးတန်းရဲ့ပြတင်းပေါက်ဘေးမှာနောက်ထပ်အတန်းချိန်အတွက်စာကြည့်နေသောမှန်ကြောင်လေးကျောင်းသူမလေးရုတ်ရုတ်သဲသဲဖြစ်သွားရခြင်းရဲ့အကြောင်းရင်းကိုကြည့်လိုက်မိရာမျက်အိမ်လေးတွေကျယ်သွားသည်။အလျင်လိုနေသောအဖွဲ့ဟာဘယ်မိန်းကလေးမှမကြည့်နိုင်.အနောက်ဆုံးကိုသာဦးတည်သွားနေသည်။
မှန်ကြောင်လေးသည်သူ့ဆီလာမှန်းသိသော်လည်းရုတ်တရက်လီဆွန်းကလက်ကိုဆွဲလာတဲ့အခါလန့်ဖြန့်သွားသည်။

"ဘာလဲ...ဘာလုပ်မလို့လဲ..."

"ငါတို့နဲ့တနေရာလိုက်ခဲ့..."

"ဘယ်ကိုလဲ..ငါ..နောက်အတန်းချိန်တွေရှိသေးတယ်..ဆရာမလာတော့မှာ.."

"လိုက်ခဲ့ဆိုလိုက်ခဲ့...မင်းစာကဘယ်ချိန်လုပ်လုပ်ရတယ်..မင်းကိုရောင်းစားမလို့မဟုတ်ဘူး..လိုက်ခဲ့.."

တခန်းလုံးကမတ်တပ်ရပ်ထားတဲ့မှန်ကြောင်လေးပင်မြှုပ်နေပြီးဝိုင်းအုံနေကြတဲ့အနောက်တန်းဆီးခေါင်းလှည့်ကြည့်နေကြသည်။Kingဝင်ပြောလိုက်တဲ့အခါမှန်ကြောင်လေးထပ်ငြင်းရင်အခန်းထဲအအော်ခံရမှာသိနေ၍စာတွေမမှီလည်းလိုက်ဖို့ဆုံးဖြတ်လိုက်သည်။နောက်ဆရာမလာလို့မှဒီအုပ်စုကြီးကသူ့ဆီလာတာမြင်သွားရင်အဆူခံရမှာလည်းကြောက်သည်။

Fake Boyfriend👨‍❤️‍👨حيث تعيش القصص. اكتشف الآن