FB(30)

2.3K 177 84
                                    

.Unicode
.

ကျန်ရှိနေသေးတဲ့ကျောင်းတက်နှစ်များကိုပြသာနာလာလာရှာတတ်သောသူနဲ့တမိုးအောက်ထဲမှာ
ဘယ်လိုဘယ်ပုံဖြတ်သန်းသွားရမလဲမသိပေမဲ့
မှန်ကြောင်လေးကတော့မတွေ့အောင်ပိုရှောင်တယ်။သူရှိတတ်တဲ့နေရာမျိုးတွေမသွားသလို
ကျောင်းရောက်တာနဲ့မတော်တဆတွေ့မှာတောင်ကြောက်လို့အတန်းထဲမှာသာနေသည်။ဆိုတော့လူကိုလည်းမတွေ့ရတော့သလိုသူဘေးဖယ်လိုက်သည်နှင့်ချစ်ရတဲ့သူမနဲ့ဘယ်လိုတွေဆက်ဖြစ်သွားလဲဆိုတာလည်းမသိရတော့ပါ။

ဖူးစာမပါရင်မပေါင်းစည်းကြရဘူးဆိုတာလူတွေအလကားပြောကြတာမဟုတ်ဘူးပဲ။ပေါင်းဖက်ရဖို့ထိတော့စိတ်မကူးခဲ့ပေမဲ့ထင်မထားလောက်တဲ့စိမ်းသက်မှုတွေထိဖြစ်ခဲ့လို့ကျိတ်မှိတ်မေ့ပစ်ဖို့လုပ်ခဲ့တာ။အားလုံးကိုလက်လျှော့မည်ဆိုခါမှတယောက်တည်းနေသားကျခဲ့တဲ့သူဟာတ​ယောက်တည်းဖြစ်သွားတာကိုနေမတတ်ဖြစ်နေခဲ့သည်။ဟိုဆော့လည်းရှိသလို.လီဆွန်းဟာလည်းသူ့ဆီကျောင်းဆိုလည်းကျောင်း.အလုပ်ဆိုလည်းအလုပ်ရောက်ရောက်လာတတ်ပေမဲ့အထီးကျန်နေသလိုခံစားရတုန်းပဲ။

တစက်လေးမှအကောင်းမ​မြင်ပေးတဲ့သူကိုမျှော်နေမိတာလား.တွေ့ချင်နေမိတာလား.လွမ်းသလိုလိုဆွေးသလိုလိုခံစားကြီးကညတွေဆိုသိသိသာသာထလာပြန်သည်။စာကနေလွတ်ထွက်ပြီးစိတ်တွေပျံ့ကုန်ရင်နေမရထိုင်မရနဲ့ဖြေရှင်းဖို့နည်းလမ်းလည်းရှိမနေပါ။ဘာဖြစ်နေသလဲသေချာသိရင်တောင်မျိုသိပ်နေရမှာပဲ။အမှတ်သည်းခြေမရှိချက်ကအံ့သြဖို့ကောင်းအောင်ရှက်ဖို့ကောင်းလောက်အောင်ပဲ။

ဆိုးရွားတဲ့စကားတွေနဲ့အပြောခံထားရတာမို့မေ့ကိုမေ့သင့်တဲ့သူလို့နေ့ဘက်တွေမှာတွေးသလို.ညဘက်တွေမှာတသသဖြစ်လာတာတွေကိုယ့်ကိုကိုယ်လည်းစိတ်ပျက်ခြင်းတွေနဲ့ညဆိုဒုက္ခရောက်ရပြီ။

ရှုပ်ထွေးနေတာလေးများသက်သာအောင်စာကြည့်စားပွဲကထကာပြတင်းပေါက်ဆီသွားလိုက်သည်။တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်နဲ့ကျိုးတို့ကျဲတဲကြယ်လေးတွေကိုကြည့်နေရင်းသူသတိမထားမိခဲ့တဲ့ခြံရဲ့မျက်စောင်းထိုးနားရပ်နေခဲ့တဲ့ကားအမဲရောင်လေးကအလျင်ပဲမောင်းထွက်သွားသည်။အဲ့လိုခပ်ကြမ်းကြမ်းမောင်းသွားတဲ့ကားတွေမြင်ရင်ဇာတ်ဇာတ်ကြဲမောင်းတဲ့နီနီရဲရဲလေးကိုမျက်လုံးထဲမြင်မိတော့တာပဲ။

Fake Boyfriend👨‍❤️‍👨Tempat cerita menjadi hidup. Temukan sekarang