FB(18)

1K 157 52
                                    

.Unicode
.
"ဟိုဆော့..."

အတန်းအားလုံးပြီးလို့အခန်းပြင်ထွက်လာတော့
သူ့အခန်းဆီလျှောက်လာနေတဲ့ဟိုဆော့ကိုမြင်တဲ့အခါမှန်ကြောင်လေးပြုံးရယ်ပြီးလက်ဝှေ့ယမ်းပြသည်။သူလက်ယမ်းပြရင်သူ့ထက်နှစ်ဆလောက်ရယ်မောပြီးလက်ပြနေကျဟိုဆော့ကဒီတခါဘာအမူအယာမှပြန်ပြမလာဘူး...။လူတွေကြားထဲဖြတ်ပြီးသူ့ရှေ့ကိုခပ်မြန်မြန်ပဲလျှောက်လာကာမျက်နှာကလည်းတခုခုထူးဆန်းနေတာကြောင့်လက်ကလေးကိုပြန်ရုတ်ထားရင်းကြောင်နေမိသည်။ဟိုဆော့ကသူ့ကိုဆိုရယ်အောင်အမြဲလုပ်ပေးပြီးစနောက်နေတတ်တာ...။ဘယ်သူ့ကိုမဆိုပါပဲ..ဟိုဆော့ကိုဘယ်အချိန်တွေ့တွေ့
ရယ်ပြုံးနေတာကိုပဲမြင်ရသည်ထိဟိုဆော့ကမျက်နှာချိုတဲ့သူ။ပထမဆုံးဟိုဆော့ဆီကတည်လွန်းတဲ့ပုံစံကြောင့်ဘယ်လောက်ပဲခင်ခဲဲ့ကြပါစေ.အလိုလိုနေရင်းရှိန်မိတယ်...။

"ဟိုဆော့...မင်း..ဘာဖြစ်လာတာလဲ..ငါ့ဆီလာတာမလား...."

"မင်းဖုန်းပေးဂျီမင်..."

"ဘာ..ဘာလို့လဲ..."

အစပ်အဆက်မရှိပဲဖုန်းကိုတောင်းလာတဲ့အခါမှန်ကြောင်လေးရင်ထဲထိတ်ခနဲပါပဲ..။သူငယ်ချင်းထက်အကြွေးရှင်စကားကိုနားထောင်ကာအပြစ်လုပ်ထားခဲ့တော့စိတ်တွေလုံမနေခဲ့ဘူး။

"မင်းဖုန်းပေးငါစစ်စရာရှိတယ်..."

"မဟုတ်ဘူးလေ..ဘာလို့လဲဆိုတာပြောပြလေဟိုဆော့ရဲ့..မင်းတခုခုဖြစ်လာတာလား..."

"ဘယ်မှာလဲ..လွယ်အိတ်ထဲမှာလား...ငါ့ကိုပေး..."

ဟိုဆော့ဟာမှန်ကြောင်လေးပြောတာလည်းမကြားဟန်ဖြင့်နောက်ကျောကိုလွယ်အိတ်ကိုလာဆွဲနေတဲ့အခါမှန်ကြောင်လေးပါသွားမည့်ဆဲဆဲပြန်ဆွဲယူထားသည်။ဟိုဆော့ကဘာကိုစစ်မယ်မှန်းမသိသော်လည်းသူ့ကိုယ်သူမလုံတဲ့အတွက်ဖုန်းကိုဟိုဆော့လက်ထဲမရောက်စေချင်ဘူး။

"လွှတ်လိုက်ဂျီမင်..."

"မင်းဘာဖြစ်လာတယ်ဆိုတာပဲအရင်ပြောပါ..ငါ့ကိုလန့်အောင်မလုပ်ပါနဲ့ hoseok ahh.."

"မင်းဖုန်းကိုကြည့်ပြီးသွားရင်ငါဘာဖြစ်နေတာလဲသိလိမ့်မယ်..လွှတ်ဂျီမင်..ငါဒါကိုသိရမှဖြစ်မယ်..ဘာလို့လဲငါကအနိုင်ကျင့်နေတယ်ထင်လို့မင်းကမပေးတာလား..ငါဘယ်တုန်းကမင်းမကြိုက်တာအတင်းလုပ်ဖူးလို့လဲ..ဒီတခါတည်းပါ.."

Fake Boyfriend👨‍❤️‍👨Où les histoires vivent. Découvrez maintenant