FB(24)

1.3K 138 39
                                    

.Unicode
.
ညနေခင်းမှန်ကြောင်လေးအလုပ်ချိန်မပြီးသေးပေမဲ့စားသောက်ဆိုင်လေးရှေ့မှာပြိုင်ကားအနီရဲရဲကြီးလာရပ်နေပြီ..။မှန်ကြောင်လေးဒါကိုမြင်တော့အလုပ်ချိန်မပြီးသေးပဲလာဆွဲခေါ်ဦးမှာလားလို့တွေးပြီးစိုးရိမ်သွားပေမဲ့ထူးထူးဆန်းဆန်း
ကားထဲကဆင်းမလာဘူး...။

ထိုပြိုင်ကားအနီကြီးကိုတွေ့တော့အလုပ်ထဲကသူတွေကမှန်ကြောင်လေးအနားကိုလာကာမေးကြသည်။

"ဂျီမင်..အဲ့ဒါမင်းရည်းစားကားလား..."

အနားကိုတိုးတိုးကပ်ကပ်လာမေးတော့မှန်ကြောင်လေးမျက်လုံးပြူးခနဲ..။သူလည်းဘယ်သူ့ကိုမှဘာမှမပြောထားပါပဲနဲ့ဘာလို့အဲ့လိုကြီးမေးရတာလဲ..။ဘာလို့ရည်းစားဆိုပြီးမှရွေးထင်ရတာလဲ။

"မဟုတ်ပါဘူး..ဘာလို့မေးတာလဲ..ဘယ်သူဘာပြောထားလို့လဲ.. "

"မင်းကိုတခါတလေလာကြိုတတ်တယ်လေ..ရည်းစားမဟုတ်ဘူးလား.. "

"မဟုတ်ပါဘူး..ဒီတိုင်းကျောင်းကသူငယ်ချင်းပါ..သူလမ်းကြုံရင်ငါ့ကိုဝင်ခေါ်တာပါ.."

"အဲ့ဒါဆိုကော်ဖီလာသောက်ရင်မင်းကိုအမြဲခေါ်ပြီးကြည့်နေတဲ့တ​ယောက်လား..မင်းရည်းစားက..."

"ဟင်..မဟုတ်ပါဘူး..ငါ့မှာရည်းစားမရှိဘူး.."

မဟုတ်ကြောင်းငြင်းပြီးတာနဲ့မှန်ကြောင်လေးဘေးကိုထွက်ကာအလုပ်ဆက်လုပ်နေခဲ့သည်။
ဟိုအရှုပ်နှစ်​ယောက်ကြောင့်သူ့ကိုဆိုင်ရှင်ကပါတမျိုးထင်နေတာသိတယ်..။အခုလည်းဆိုင်ရှင်ကအမှန်တိုင်းသိချင်လို့သူတို့ကိုမေးခိုင်းတာဖြစ်ချင်ဖြစ်နိုင်တယ်..။အရင်လိုသူ့ကိုပြန်ကြည်ဖြူဖို့
ဆိုင်ရှင်မငြိုငြင်အောင်လို့တော့ကြိုးစားနေရမှာပဲ...။

အလုပ်ချိန်ပြီးတော့ညပိုင်းထိဆက်လုပ်မဲ့အဖော်တွေကြည့်နေမှန်းသိပေမဲ့ကားအနီလေးဆီသွားလိုက်သည်။ကားဘေးနားသွားရပ်တော့Kingကအထဲကနေတံခါးဖွင့်ပေးသည်။မဝင်ခင်ဆိုင်ထဲကိုမရဲတရဲကြည့်လိုက်တော့ဆိုင်ထဲကနေကြည့်နေကြကာဒါနဲ့ပတ်သတ်ပြီးတခုခုပြောနေကြတဲ့ပုံပဲ..။ဘာတွေပြောနေကြမှာလဲ..သူ့ကိုဘယ်လိုမျိုးထင်နေတာလဲ..သိချင်နေပေမဲ့ဒီကမ္ဘာပေါ်မှာစိတ်မရှည်ဆုံးလူသားကကားထဲမှာမို့မြန်မြန်ဝင်လိုက်ရသည်။

Fake Boyfriend👨‍❤️‍👨Where stories live. Discover now