Forever's not enough time to
love you the way that I want.•••••
ဆောင်းရာသီ၏ လှိုင်းဖွေးများသည် တလှိမ့်လှိမ့်ဖြင့် ကမ်းစပ်ရှိ သဲသောင်ပြင်ကို လာရောက်ထိတွေ့ကလူသည့်နှယ် ၊ ခြောက်သွေ့သော ဆောင်းလေပြေအေးသည် နေမင်းကြီး၏အပူရှိန်ကို တစ်နည်းတစ်ဖုံလျော့ကျအောင် စွမ်းဆောင်ပေးနိုင်သည်။
ဆောင်း၏အငွေ့အသက်နှင့် ဆောင်း၏အနံ့အသက်တို့သည် မြို့ငယ်လေးတွင် နှံ့စက်ပျံ့လွင့်လျက် တစ်နေ့တာဟူ၍ စတင်ခဲ့ပြန်သည်။ အင်္ကျီထူထူဝတ်ရသော ရာသီဖြစ်သဖြင့် အဝါရောင်လည်ပိတ်သိုးမွေးအင်္ကျီအထူကြီးထဲ ဂျောင်ဂု၏ ခန္ဓာကိုယ်သေးသေးလေးသည် နစ်မြှုပ်နေသယောင်ရှိ၏။
အဖြူရောင် မာဖလာလေးပတ်ထားကာ ကမ်းစပ်တွင် ထိုင်နေသည်။ နေတည့်တည့်ကျရောက်သည့် နေ့လယ်ခင်းအချိန်ဖြစ်သော်လည်း ဆောင်းရာသီ၏နေသည် နွေးနွေးလေးသာ ထွေးပွေ့ပေးပါသည်။
" ဂျောင်ဂု "
အဝေးမှခေါ်သံသည် ဂျောင်ဂု၏အကြားအာရုံကို သာယာနူးညံ့စွာ ရိုက်ခတ်လာပါတော့၏။ ကုတ်အင်္ကျီအရှည်ကြီးနှင့် ထယ်ဟျောင်းသည် အဝေးတည်းကပင် ဂျောင်ဂုကို ပြုံးရယ်ပြနေကာ သဲသောင်ပြင်ကို ကော်ဇောနီပမာ တစ်လှမ်းချင်းဖြတ်ကာ လျှောက်လှမ်းလာခဲ့ပါသည်။
ဂျောင်ဂုသည် ပါးစပ်မှ လေပူတစ်ချို့ကို လေထုထဲပျံ့နှံ့စေလိုက်တော့ အဖြူရောင်အငွေ့များ သူ့မြင်လွှာဝယ် ကာဆီးသွား၍ အဝေးမှလာနေသော ထယ်ဟျောင်း၏သဏ္ဍာန်သည် မှုန်ဝါးသွားခဲ့သည်။ ပြယ်ပျက်တော့မည့်အငွေ့များကြား ဂျောင်ဂုသည် လေထဲ၌ပင် တစ်ခုခုရေးဆွဲလိုက်ပါသည်။
ဂီတသင်္ကေတတစ်ခုဖြစ်ပြီး ထိုသင်္ကေတကို < (Crescendo) ဟု ခေါ်ဝေါ်ပါ၏။ သင်္ချာသင်္ကေတတစ်ခုနှင့်လည်း ဆင်တူပါသည်။ Crescendo သည် တဖြေးဖြေးကျယ်လောင်လာသော ဂီတသံကို ကိုယ်စားပြုသည်။ ဂျောင်ဂုသည် ထယ်ဟျောင်းကို Crescendo နှင့် ထပ်တူပြု၏။
ထယ်ဟျောင်းကိုတွေ့လိုက်တိုင်းပင် သူ့ရဲ့ရင်ခုန်သံဟာလည်း ဖြေးဖြေးချင်းစီကျယ်လောင်လာသောကြောင့် ဖြစ်သည်။

YOU ARE READING
A Poem Titled Us [ Completed ]
FanfictionThe love story between 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 and 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 was based on a small town. The story started since they were 17.