20 : butterflies

809 88 102
                                    

I still fall in love with you
everytime I see your eyes.

•••••

လူတစ်ယောက်ကို မြတ်နိုးမိတဲ့အခါ ထိုသူ၏ပတ်ဝန်းကျင်တွင် လိပ်ပြာများ ဝဲပျံနေတတ်သတဲ့။ ရောင်စုံခြယ်ပန်းခင်းကြီးထဲ အတောင်အလတ်မျိုးစုံသော လိပ်ပြာငယ်လေးများ ပြေးလွှားနေကြသကဲ့သို့ ချစ်ခြင်းမည်သည့် ချိုမြိန်သော ပန်းဝတ်ရည်များသည် လိပ်ပြာငယ်လေးများကို ဆွဲဆောင်နေကြခြင်းဖြစ်ပါလိမ့်မည်။

လိပ်ပြာများတွင်လည်း ချစ်ခြင်းမေတ္တာရေးရာ၌ အဓိပ္ပါယ်အမျိုးမျိုးရှိကြပေသည်။ အနီရောင်တောင်ပံလေးများနှင့် လိပ်ပြာလေးတစ်ကောင်က အချစ်နှင့်ဆက်နွှယ်သော ကြည်နူးဆွတ်ပျံ့ဖွယ်အာရုံကို အားကောင်းစေပါ၏။ အဝါရောင်လိပ်ပြာငယ်လေးသည်တော့ ပျော်ရွှင်မှုကို ကိုယ်စားပြုပါသည်။

ရှားပါးသောမျိုးစိတ်ဖြစ်သည့် အပြာရောင်အဆင်းရှိသော လိပ်ပြာလေးတို့သည်ကား ကောင်းသောနိမိတ်၏ သင်္ကေတပင်ဖြစ်ပြီး မဝေး‌တော့သောအနာဂတ်တွင် အချစ်စစ်ကိုရရှိလိမ့်မည်ဟူ၍ ရှေးခေတ်ဆဲလ်တစ်လူမျိုးတို့က ယုံကြည်ကြလေသည်။ ဆဲလ်တစ်အယူအဆတွင် လိပ်ပြာလေးများသည် ချစ်ခြင်းမေတ္တာနှင့် ပြန်လည်မွေးဖွားခြင်းဟူသော သဘောတရားဖြင့် အသိအမှတ်ပြုခြင်းကို ခံထားရပါ‌သေးသည်။

နောက်ခံရာဇဝင် ဂုဏ်သတ္တိအမျိုးမျိုးနှင့် ပြည့်စုံလေသော လိပ်ပြာငယ်လေးတို့က ထယ်ဟျောင်း၏အသည်းထဲတွင် အခြေချနေထိုင်‌နေကြလေ၏။ နေ့ရှိသရွေ့ ဂျောင်ဂုအနားသို့သွားကာ ညရောက်လာလျှင် လွမ်းမောရသည်ကလည်း ထယ်ဟျောင်းအတွက် နေ့စဉ်အလုပ်တစ်ခုလိုပင် ဖြစ်နေခဲ့သည်။

ချစ်သူရှိသော မနက်ခင်းတိုင်းသည် နိုးထချင်စရာကောင်းလှပါသည်။ ထယ်ဟျောင်းအဖို့ မွေးရပ်မြေတွင် ဘာအလုပ်မှ ထွေထွေထူးထူးမရှိပေ။ စာအုပ်အသစ်ထုတ်ထားတာလည်း မကြာသေး၍ အလုပ်မှလည်း အနားရထားပါ၏။ လုပ်စရာမရှိသော်လည်း မြို့ငယ်လေးတွင် နေထိုင်ရသည်က ပျင်းစရာ‌ကောင်းလှသည်မဟုတ်ပေ။

မရိုးနိုင်သော ရှုမျှော်ခင်းများသည် ထယ်ဟျောင်း၏နေ့သစ်တိုင်းကို ပြည့်စုံလှပအောင် ပံ့ပိုးပေး‌နေကြပါသည်။ မနေ့တစ်‌နေ့ကမှ ကြည်လွင်နေသော ပင်လယ်ပြာကြီးသည် ယနေ့တွင် တိမ်တိုက်ထူထူများအောက်၌ ကျောက်စိမ်းရောင်ဖြာနေခဲ့ပါသည်။ မနက်ဖြန်ဆိုလျှင် ပတ္တမြားရောင်သို့ ပြောင်းလဲသွားလေမည်လား။

A Poem Titled Us [ Completed ]Dove le storie prendono vita. Scoprilo ora