Maybe this thing was a
masterpiece until you tore it all up.•••••
ဘဝဆိုသည်မှာ အနိမ့်အမြင့်အတက်အကျ အစုံအလင်နှင့် ကြီးမြတ်သော စွန့်စားခန်းတစ်ခုပင်ဖြစ်၏။ အလှည့်အပြောင်းလွယ်ကာ ပုံသေမှတ်ယူထားလို့မရသည့် နိယာမသဘောတရား၏ ရှေ့ပြေးအနေဖြင့်ရှိလေသည်။
အိပ်မက်တွေပျက်သုဉ်းသွားချိန်မှာ သူ့ရဲ့စိတ်များသည် အောက်ဆုံးဆိုသော အခြေအနေသို့ ဆိုက်ရောက်ကုန်ကြသည်။ နှင်းရေစက်လေးများနှင့် လှပနေတတ်သော နှင်းပန်းလေးတစ်ပွင့်သည် မိုးသည်းထဲတွင် ပွင့်လန်းရသကဲ့သို့ မိုးဒဏ်လေဒဏ်တို့နှင့် ကြမ်းတမ်းသော မိုးရေစက်များ၏ဒဏ်ကို မခံနိုင်ဖြစ်ကာ တစ်စတစ်စ နွမ်းလျလာပါတော့သည်။
ဘယ်အရာက စမှားယွင်းခဲ့သလဲ မေးလာလျှင် သူမဖြေတတ်တော့ပေ။ အမှားအယွင်းများ စတင်ခဲ့ရာသည် အဘွားကို ဆေးရုံလိုက်ပို့ပေးသည့်နေ့ပင် ဖြစ်လိမ့်မည်။ ထိုနေ့က အဘွားနောက်သို့ မလိုက်သွားမိခဲ့လျှင် ကောင်းပါလိမ့်မည်။ အချိန်တွေလွန်ကာမှ နောင်တမမည်သော တမ်းတခြင်းကို သူဖက်တွယ်မိ၏။
မထင်မှတ်ထားသော ကျန်းမာရေးစစ်ဆေးမှုသည် သူ့ရဲ့ဘဝနှင့်အိပ်မက်များကို ဆွဲကိုင်လှုတ်ခတ်ကာ ပြိုလဲယိုင်နဲ့စေပါတော့သည်။ သူ့တွင် ပြင်းထန်သော လှုပ်ရှားမှုများကို တားဆီးနိုင်သည့် ကျန်းမာရေးအခြေအနေရှိနေခဲ့၏။ အားကစားပြင်းပြင်းထန်ထန် လုပ်လို့မဖြစ်တော့ဘူးဟု ဆရာဝန်ကပြောသည်။
ကုသမှု သေချာခံယူရမည် ၊ ပြီးလျှင် ကောင်းကောင်းအနားယူရမည်ဟု သူ့ကို မှာလေ၏။ ဖြစ်ပျက်သွားသော အခြေအနေသည် မြန်ဆန်လွန်း၍ သူဘာမှ နားမလည်နိုင်တော့ပေ။ သူ့လို အားကစားသမားတစ်ယောက်က လေ့ကျင့်ရေးမလုပ်ပါဘဲနှင့် ဘယ်လိုတိုးတက်နိုင်စွမ်းရှိမည်လဲ။
ခေါင်းမာစွာနှင့် ဆရာဝန်ပြောခဲ့သော မှာကြားချက်များကို အလေးမထားကာ အားကစားကိုသာ တစိုက်မတ်မတ်ပြန်လုပ်ခဲ့၏။ သူ့ရည်မှန်းချက်မပြည့်မြောက်မခြင်း ဘယ်သူတွေ၏ စကားများကိုမှ ခေါင်းထဲ ထည့်မနေနိုင်ပါပေ။ အဘွားနှင့်လည်း ကတောက်ကဆများ ဖြစ်လာခဲ့သည်။

YOU ARE READING
A Poem Titled Us [ Completed ]
FanfictionThe love story between 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 and 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 was based on a small town. The story started since they were 17.