14 : meant 2 be

714 99 71
                                    

I still remember how bad I was
back then before I met you.

•••••

ရောင်နီသန်း၍ မိုးသောက်ယံရောက်သည့်အခါ ထင်တိုင်းကြဲပြီးသော မုန်တိုင်းငယ်သည် ငြိမ်သက်သွားခဲ့သည်။ ပင်လယ်ပြင်တွင် မြူခိုးများသည် တိမ်လွှာပါးများနှင့် ရောယှက်၍ မှုန်မှိုင်း‌သောအသွင်သဏ္ဍန်ကို ဆောင်နေ၏။

ပုန်းခိုနေသော ငှက်ငယ်များသည် မုန်တိုင်းပြီးသွား၍ အစာရှာထွက်လာကြရာ ကမ်းခြေတခွင်ဝယ် ဝေ့ဝဲပျံသန်းရင်းဖြင့် နေ့သစ်ကိုကြို‌ဆိုသော သာယာကြည်နူးဖွယ်ရာ တေးသွားအား သီကျူးနေကြပေသည်။

မုန်တိုင်းပြီးကာစအနေအထားသည် ပထမကမ္ဘာစစ်အပြီး ဥရောပနိုင်ငံများ၏ အခြေအနေကဲ့သို့ပင် မြို့‌ငယ်လေးကို ‌ဗြောင်းဆန်စေပါသည်။ သစ်ပင်များမှ သစ်ကိုင်းတစ်ချို့ ကျိုးကျကာ လမ်းပိတ်နေမှု များလည်းရှိသည်။

အလင်းရောင်ပျိုးကာ နေထွက်လာသောအခါ လမ်းပေါ်တွင် ပျံ့ကြဲနေသော သစ်ရွက်ကြွေများနှင့်အမှိုက်စများကို ရှင်းလင်းရန် စည်ပင်ခေါင်းဆောင်ဦးစီးသော အမျိုးသမီးများတစ်စုနှင့် ထိခိုက်မှု တစ်စုံတစ်ရာရှိမရှိ လိုက်လံစစ်ဆေးသော အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကတစ်စု စသည်ဖြင့် အရပ်၏တာဝန်ကိုထမ်းဆောင်ရန် ကိုယ်စီထွက်လာကြပေသည်။

အိမ်ရှေ့တွင် ရုတ်ရုတ်သဲသဲဖြစ်နေသော အသံများသည် ထယ်ဟျောင်းကို အိပ်ရာမှနိုးထစေ၏။ မကြည်လင်သောခေါင်းကြောင့် ချက်ချင်းမထနိုင်ကာ တစ်မိနစ်လောက် ငြိမ်သက်နေရသေးသည်။ အဖျားကျသွားသော်လည်း ခြောက်ကပ်နေသောအာခေါင်သည် သူ့ကိုညှင်းဆဲလျက်ရှိပါသည်။

ဖြေးဖြေးချင်းထထိုင်လိုက်တော့ ကျောပြင်တလျှောက် တောင့်တင်းနေမှုဒဏ်ကို ခံရပြန်၏။ လူက ကိုင်ရိုက်ခံထားရသကဲ့သို့ တော်တော်လေး အဆင်မပြေသော်လည်း စိတ်သည် ရွှင်ပြကြည်နူးနေဟန်ရှိသည်။ အိပ်ယာဘေးတွင် ရေဇလုံတစ်ခုနှင့် သဘက်တစ်ထည်ကိုလည်း မြင်တွေ့နေကျမဟုတ်၍ ထူးဆန်းစွာ တွေ့လိုက်ရပါ၏။

သူ ညက အဖျားတွေတက်နေခဲ့သည်ပဲ။ ဂျောင်ဂုက ပြုစုပေးခဲ့တာများလားဟု တွေးမိသောအခါ ရင်ခွင်အစုံသည် နွေးထွေးမှုနှင့် လှိုက်ဖိုလာရသည်။ အိပ်ရာထဲမှ အလျင်စလိုထကာ အခန်းထဲမှ ထွက်လာခဲ့ပြီး ဂျောင်ဂုကို ရှာဖွေမိပါသည်။ ဆိုဖာပေါ်တွင် သူပေးခဲ့သော ခေါင်းအုံးနှင့် သပ်သပ်ရပ်ရပ်ခေါက်ထားသော စောင်တစ်ထည်သာလျှင် သူ့ကို ဆီးကြိုလေ၏။

A Poem Titled Us [ Completed ]Tempat cerita menjadi hidup. Temukan sekarang