( 2. 2)
ချီယန် မျိုးနွယ်စုက ဝံပုလွေသားရဲ ၊ ကျားသားရဲ၊ ကျားသစ် သားရဲ နဲ့ တစ်ခြား မပြောပလောက်တဲ့ သားရဲ တွေနဲ့ ဖွဲ့စည်းထားတာ ပဲ ဖြစ်လေတယ်။
သန်မာ လေလေ မြင့်မားတဲ့ ရှားပါးမှု ရှိလေလေ ပဲ ဖြစ်လေတယ်။ ဝံပုလွေ သားရဲတွေက များပြားမှုက ကျားသစ် သားရဲတွေ ရဲ့ နောက်မှာ လိုက်လေတယ်။
ထပ်ပေါင်း ပြောရရင် ကျားသားရဲ က အားမာန် အပြည့်ရှိပြီးတော့ ကိုယ်ဝန် ရစေ နှုန်းက မြင့်တာကြောင့် ကျား သားရဲ နှစ်ကောင် လောက်နဲ့တောင်မှ မျိးနွယ်စုကို စောင့်ကြပ် စေတဲ့ တာဝန်က လွယ်ကူလေတယ်။
ထို သားရဲတွေ ကို အမတွေက ကိုးဆယ် ရာခိုင်းနှုန်းလောက် လက်ဆက်ဖို့ မြင့်မား ကြပြီးတော့ ကျန်တဲ့ ၁၀ ရာခိုင်းနှုန်းက ရုပ်ဆိုးတဲ့သူတွေနဲ့ ဆိုးဝါးတဲ့ ဒေါသ ရှိသူတွေ ပဲ ဖြစ်လေတယ်။
ကျားသစ် သားရဲတွေ ကလည်း အမသားရဲ တွေကို လက်ထပ်နိုင်ဖို့ မြင့်မားတဲ့ အခွင့်အရေး ရှိလေတယ်။ ကိုယ်ဝန်ဆောင် အသီးတွေ ကတော့ လက်ထပ်နိုင်ဖို့ ခက်ခဲတဲ့ ဝံပုလွေသားရဲ တွေအတွက် ပဲပေါ့လေ။
တကယ်လို့ သူတို့မှာ အချင်းချင်းပဲ မချစ်နေကြရင် လက်ထပ်နိုင်မယ့် အခွင့်အရေးက အရမ်းကို နိမ့်ပါးလေတယ်။ သူတို့မျိုးနွယ်မှာသာ ကလေးတစ်ယောက်လောက် ရလာကြည့်ပါလား လူတိုင်းရဲ့ အားကျမနာလို မုန်းတီးမှုကို ခံစားရနိုင်လေတယ်။
မနက်ခင်း ကနေ ညနေခင်းအထိ သူတို့အဖွဲ့ဟာ လောင်းရှန်း အပင်ကြီးဆီကို မရပ်မနား ပြေးလာခဲ့ပြီးတော့ အစွယ်ရှည် ကျားကြီး ကင်းလည့်မှုကို ရှောင်ပုန်းနေခဲ့ကြတယ်။ သားရဲ လူသားတွေက တစ်ညအနားယူ ဖို့ဆုံးဖြတ် လိုက်ပြီးတော့ နောက်နေ့ မနက်စောစော မှာပဲ ကိုယ်ဝန်ဆောင် အသီးတွေကို ခူးယူ ထုတ်ပိုးပြီး တစ်နေ့ထဲ အရောက် မျိူးနွယ်စု ဆီကို ပြန်ကြမှာပဲ ဖြစ်လေတယ်။
ကျားသားရဲနဲ့ ဝံပုလွေ သားရဲ က သစ်ပင်ပေါ်ကို မတက်နိုင်ပေ။ ဒါကြောင့် ရွမ်တုံ နဲ့ ချန်း အပြင် တုံးဟဲ ဆိုတဲ့ သူတွေက အပင်ပေါ် တက်ကာ အသီးတွေကို ခူးယူပြီးတော့ အောက်ကို ပစ်ချ ပေးမှာပဲ ဖြစ်လေတယ်။
![](https://img.wattpad.com/cover/325738356-288-k330032.jpg)
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...