(3.1)
သူတို့ နှစ်ယောက် စကား ပြောပြီး ဆက်သွယ်ဖို့ လုပ်နေချိန်မှာ တစ်ခြား ကျားသစ် နှစ်ကောင်က ကိုယ်ဝန်ဆောင် အသီးတွေကို ခူးယူကာ သစ်ပင်အောက်မှာ ရှိတဲ့ ကျားတွေရဲ့ လည်ပင်းမှာ ချိတ်ထားတဲ့ သားရေ အိတ်တွေထဲ ပစ်ထည့် ပေးနေလေတယ်။
သူတို့က သစ်ပင်ပေါ် ကနေ ခုန်ချလိုက်ကာ တုံ ကို အရိပ်အခြည် ပြလိုက်တယ်။ အသီးတွေ မြန်မြန်ခူးဖို့ပေါ့လေ။ သူတို့ ကလည်း သားရဲ တစ်ဝက်ကို တွေ့လိုက်ပေမယ့် အခုက အန္တရာယ် များတဲ့ နေရာ ဖြစ်တာကြောင့် စကားရပ်ပြော ရမယ့် အချိန် မဟုတ်ပါချေ။ သူတို့ တက်နိုင်သမျှ မြန်မြန် ထွက်သွား ရမှာပဲ ဖြစ်လေတယ်။
ရွမ်တုံ က သူဟာ သားရဲတစ်ဝက် နဲ့ မဆက်သွယ် နိုင်ဘူးဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့ သူတုံ့ဆိုင်း သွားပြီးတော့မှ ထို သားရဲတစ်ဝက် ကို ပြန်ခေါ်သွားဖို့ ဆုံးဖြတ်လိုက်လေတယ်။ တကယ်လို့ ဒီလို နေရာမှာ နေမယ်ဆိုရင် သူတစ်ယောက်ထဲ အသက်မရှင် နိုင်မှာ သေချာ လေတယ်။
သူက ထိုလူကို ပွေ့ဖက်ကာ သစ်ပင်ပေါ်ကနေ ခုန်ချလိုက်လေတယ်။ ခုနှစ်မီတာ ရှစ်မီတာ လောက်ကနေ ပြုတ်ကျနေတာ ဆိုတော့ သူက ' အား ' ဆိုပြီး အော်လိုက်မိတယ်။ ပြီးတော့ သူ မြေပြင်ပေါ် ကိုလည်း ပြန်ရောက်တဲ့ အခါမှာ သူကဖြူဖျော့ နေခဲ့တယ်။
ထိုလူက ဖြူဖျော့နေတာ ကိုတွေ့ပြီးတော့ ရွမ်တုံက သားရဲ ပုံမပြောင်းတော့ပဲ သူ့ပုခုံးပေါ် တင်ကာ ထမ်းပြေးတော့တယ်။ သူက အစွယ်ရှည် ကျားကြီးရဲ့ ပိုင်နက်ရဲ့ ဆန့်ကျင်ဘက်ကို တက်နိုင်စမျှ ခြေကုန်သုတ် အမြန်ပြေးတော့တယ်။
ချီဟန်က မကြာခင်ပဲ နိုးလာလေတယ်။ သူ့ရဲ့ အပေါ်ပိုင်းတစ်ခု လုံးက အောက်ကို တွဲလောင်းကျ နေပြီးတော့ မသက် မသာ ဖြစ်နေမှတော့ ဘယ်သူမှ သတိပြန်မရပဲ မနေချေ။ အခုလေးတင် သူက သစ်ပင်ပေါ်မှာ ဖြစ်ခဲ့တာတွေကို စိတ်ထဲ မရှိတော့ပါချေ။ အခုသူသိနေတာ ကတော့ သူက လူတစ်ယောက်ရဲ့ ထမ်းပြေးချင်း ကို ခံနေရတယ် ဆိုတာပါပဲ။
ကျားသစ်လူသားရဲ့ တစ်ကိုယ်လုံးက ဗလာ ဖြစ်နေပြီးတော့ သူ့ရဲ့ တွဲလောင်းကျနေတဲ့ လက်ကလည်း ထိုလူရဲ့ ဖင်ကို သွားသွား ရိုက်မိနေတယ်လေ။
![](https://img.wattpad.com/cover/325738356-288-k330032.jpg)
STAI LEGGENDO
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Casualeအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...