(21)
'' အမျိုးသမီး မျိုးနွယ်က ကလေး အယောက် ၂၀ မွေးပြီးတော့ ဆောင်းတွင်းမှာ ကလေး၁၀ ယောက်ထက် နည်းပြီးတော့ အသက်ရှင်တာမှန်း မင်းဘယ်လိုလုပ် သိတာလဲ? ဘယ်သူက မင်းကို ပြောပြခဲ့တာလဲ? ''
သူတို့က အမျိုးသမီး ခေါင်းဆောင်ရဲ့ တဲ အပြင်ဘက်ကို ထွက်လာ ပြီးပြီး ချင်းပဲ တုံ က မနေနိုင်တော့ကာ သိလိုစိတ်နဲ့ မေးလိုက်လေတယ်။ ချီဟန်ဟာ တစ်နေကုန် သူ့နား ကနေ မခွာတဲ့ အတွက်ကြောင့် ချီဟန်ကို ဘယ်သူ မှ လာမပြောတာကို သူသိလေတယ်။
'' မနေ့က ငါတို့ မျိုးနွယ်စု အတော်များများကို ပတ်ကြည့်ခဲ့တယ်လေ။ ပြီးတော့ ချီယန်မျိူးနွယ်စု အနေနဲ့ ဆောင်းတွင်းမှာ ကလေး ဘယ်လောက် မွေးတယ်ဆိုတာကို ပါပေါင်းပြီးတော့ ဆောင်းတွင်းမှာ အသက်ရှင် နိုင်စွမ်းကို တွက်ချက်ခဲ့တာလေ။ အမျိုးသမီး မျိုးနွယ်စု အနေနဲ့ ရှင်သန်နှုန်းက လေးပုံ တစ်ပုံပဲ ရှိတာကိုတွေ့ ခဲ့ရတယ်။ တကယ်လို့ အမျိုးသမီး မျိုးနွယ်စုက ကလေးမွေးနှုန်း မြင့်တယ်ဆိုရင် တောင်မှပဲ ဆောင်းတွင်းမှာ အစာခက်ခဲမှုကြောင့် သေးငယ်လှတဲ့ အမ လေးတွေ အသက်ရှင်နိုင်နှုန်းက နိမ့်ကျ နေမှာပဲလေ။ ''
ချီဟန်က တရုတ်အသုံးအနှုန်း တစ်ချို့ကို သားရဲလူသား စကားနဲ့ ရောပြီးတော့ ရှင်းပြလိုက်တယ်။
တုံ ခမျာ မှာတော့ နှင်းတွေနဲ့ မြူခိုးတွေပဲ ကြားလိုက်ရသလို ခံစားခဲ့ရတယ်။
အသက်ရှင်နှုန်း ဆိုတာက ဘာကြီးလဲ?
ပြီးတော့ လေးပုံတစ်ပုံ ဆိုတာကရော ဘာကြီးလဲ?
သူတစ်ခုမှ နားမလည်ပေ။ ဒါပေမယ့် သူက ဘာကိုမှ ထုတ်မမေးခဲ့ကြပါချေ။
ချီဟန်က သူတို့မျိုးနွယ်ရဲ့ စကားနဲ့ တစ်ချို့နေရာတွေမှာ ပြောလေ့ ရှိတာကြောင့် သူကျင့်သား ရနေခဲ့ပါပြီ။ သူ့သားရဲတစ်ဝက် လေးက အရမ်းကို စွမ်းအားကြီးပြီးတော့ သူတို့်လို သားရဲလူသားတွေ တောင်မှ နားမလည်တဲ့ အရာတွေ အများကြီးကို သိထားလေတယ်။
''ငါအစောလေး ကတင် ငါတို့နဲ့ လဲလှယ်မယ့် အမျိုးသမီး ဆယ်ယောက်ကို တွေ့ခဲ့တယ်။ ကြည့်ရတာတော့ အများစုက လက်တွဲဖော် ရှာတွေ့သွားပြီထင်တယ်!''
![](https://img.wattpad.com/cover/325738356-288-k330032.jpg)
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...