အပိုင်း (81. 2)

879 87 2
                                    

(81.2)

ချီဟန် က မျိုးနွယ်စု စုန်းမ ဖြစ်လာတာ က ဆယ်နှစ်ကျော် ရှိနေပါပြီ။ ယန်မင်းရဲ့ ဗိုက်က ကိုယ်ဝန် ရှိနေတဲ့ ပုံပေါ်ပေမယ့် သူသေချာမပြော ရဲသေးပေ။ ဘာလို့လဲ ဆိုတော့ ယန်မင်းက ကလေးလိုချင်နေတာ ဆယ်နှစ်ကျော် ရှိနေပေမယ့် လှုပ်ရှားမှု တစ်ခါမှ မရှိခဲ့တာ ကြောင့် ဖြစ်လေတယ်။

'' ငါပြောရဲတယ်။ တကယ် သေသေချာချာကြီး ပြောရဲတယ်။ ယန်မင်း မင်းအခုပျော်လို့ ရပြီ။ ပင်း ပြန်လာတဲ့ အခါ ဘယ်လောက်တောင် ပျော်နေမလဲ ဆိုတာကို တွေးကြည့်လိုက်တော့ ''

အဒေါ်ချီးရှီးဟာ ယန်မင်းရဲ့ ဗိုက်ပေါ် ကပ်ပြီး နားထောင်နေတဲ့ သူမရဲ့ ခေါင်းကို မလိုက်တယ်။ သူမကလည်း တွဲဖက် ဆုံးရှုံးရတဲ့ ခံစားချက်ကို သိနားလည်နေလေတယ်။ ကံကောင်းစွာနဲ့ ပင်း က ယန်မင်းကို ကလေးတစ်ယောက် ပေးထားခဲ့တာကြောင့် အနာဂတ်မှာ သူမဟာ စွမ်းအင်တွေ ပြည့်ဝ နေရမှာ ဖြစ်ပြီးတော့ အခုလိုမျိုး ဖြစ်နေတော့မှာ မဟုတ်ပါပေ။

သူမအတွက် ဘာမှ မကျန်တော့ရင် အသက်ဆက်ရှင် ဖို့ ဘာအဓိပ္ပါယ်မှ ရှိတော့မှာ မဟုတ်တော့ဘူး ။ ဒါပေမယ့် အခုတော့ အသက်ကလေး ရှိနေပြီမလို့ သူမက သေချာပေါက် အသက်ဆက်ရှင် တော့မှာ ပဲ ဖြစ်တယ်။

အဒေါ်ချီးရှီးရဲ့ စိတ်ထဲမှာတော့ အပြင်ဘက်က ရာသီဥတု က တကယ်ကို ဆိုးဝါးနေပြီးတော့ တစ်လခွဲ ကြာအထိ ပြန်မလာသေးတဲ့ ပင်း က တစ်သက်လုံး ပြန်မလာတော့ ဘူးလို့ ပဲ သတ်မှတ်ထားတာ ပဲ ဖြစ်လေတယ်။ ဒါပေမယ့် ထိုရလဒ်ကို ယန်မင်းက လက်မခံ ဘူးဆိုတာကို သူမ သိလေတယ်။

သူမ လိုမျိုးပေါ့။ သူမရဲ့ စိတ်ထဲမှာတော့ သူမရဲ့ လက်တွဲဖော်ဟာ ပြန်မလာချင်တာ မဟုတ်ပဲနဲ့ အိမ်ပြန်လမ်း ပျောက်သွားတယ်လို့ တွေးမိနေ ဆဲ ပါပေ။

''ဒါက ပျော်ရွှင်စရာ ကောင်းတဲ့ ကိစ္စပဲ ယန်မင်း ၊ အနာဂတ်မှာ ပျော်အောင်နေပါ။ မင်း ရဲ့ ဗိုက်ထဲက ကလေး လေး က အမေ ဖြစ်သူ ပျော်နေတာ ကိုပဲ မြင်ချင်မှာပေါ့။ ဟုတ်တယ်မလား?''

မယ်ဂျစ်စတစ် က ယန်မင်းအတွက် ပျော်ရွှင်နေစဥ်မှာလည်း သူမ ဆီမှာ ကလေးတစ်ယောက် လောက် လိုချင်မိလေတယ်။ သူမ ကလည်း ယန်မင်းလိုမျိုး မီးယပ်သွေးပြိုကွဲတာ ဖြစ်ခဲ့တာပဲလေ။ အချိန်အတော်ကြာ ကြီးထိအောင် ကုသ ပြီးတာတောင်မှ သူမ ပြန်မကောင်းလာခဲ့ပေ။

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now