အပိုင်း (63. 2)

1.7K 195 1
                                    

(63. 2)

'' ငါက မင်းကို တစ်စုံတစ်ခု ပြချင်ခဲ့တာ။ ဒါပေမယ့် အခုတော့ အနည်းငယ် နောက်ကျ သွားပြီ။ ဒါမှမဟုတ် ဒီညကို ဘုရားကျောင်း ထဲမှာပဲ နေပြီးတော့ မနက်ဖြန် မှ ကြည့်ကြ မလား ။ မင်းတို့တွေက အဝေးက လာတဲ့ ဧည့်သည်တွေပဲ။ ငါတို့ ပင်လယ် မျိုးနွယ်စု က ရင်းနှီး ဖော်ရွေ တက်တဲ့ မျိုးနွယ်စုပါ။ ငါ့ရဲ့ညစာ က အချိန်အတော်ကြာ ကတည်း က ပြင်ဆင်ပြီးသား မလို့ မင်းတို့ စိတ်မရှိဖို့ မျှော်လင့်ပါတယ်။

ပင်လယ်မျိုးနွယ်စု စုန်းမက အရင်က စိတ်ကြီးဝင်တဲ့ အမူအရာတွေ ပျောက်ကွယ်သွားပြီးတော့ ရုတ်တရက်ပဲ အနည်းငယ် စိတ်အား ထက်သန် လာခဲ့လေတယ်။

'' မျိုးနွယ်စု စုန်း မက ကောင်းကောင်း ဧည့်ခံ ပါတယ်။ ဒါက ငါတို့ရဲ့ ဂုဏ်အသရေ ပါ။ ဒါဆို ငါတို့ရဲ့ ကံကြမ္မာ က ပိုပြီးတော့ လေးစား ဖွယ်ရာပါပဲ ''

အစောကတည်း က ဒီကိုလာခဲ့တာက စီးပွားရေး လုပ်ဖို့ ပဲလေ။ ဒါကြောင့် တစ်ဖက်လူက ကမ်းပေးတဲ့ သံလွင်ကိုင်းကို ယူရတာ အကောင်းဆုံး ပဲပေါ့။

ဒီအချိန်မှာတော့ မို သာလျှင် ရှုပ်ထွေး သွားရုံမက ပိုင်တောင်မှပဲ စိတ်ရှုပ်သွားရလေတယ်။ ပင်လယ်မျိုးနွယ်စု စုန်းမ က ဘယ်မျိုးနွယ် ကိုမှ ကောင်းကောင်း မဆက်ဆံပေ။ တစ်ဖက် မျိုးနွယ်ရဲ့ ကိုယ်ရေးအချက် အလက်က ဘာကြီးပဲ ဖြစ်နေပါစေပေါ့။ မနှစ်တုံး ကတောင် တောင်ပံ ပါတဲ့ မြွေမဲတစ်ကောင် က လာခဲ့သေးတယ်။ ကြည့်ရတာ အရမ်း သန်မာ ပုံရပေမယ့် မျိုးနွယ်စု စုန်းမ ဆီကနေ ရေတစ်ခွက်တောင် တောင်းလို့ မရခဲ့ပေ။

ပင်လယ်ညစာ စားပွဲ က တကယ့်ကို ရိရှင်းပါတယ်။ ပုဇွန်ကြီး ၊ ဂဏန်း ၊ ပင်လယ်ငါး ၊ ယောက်သွား အစရှိသဖြင့်တွေ ပေါ့လေ။ ပြီးတော့ အဲ့တာတွေကို အိုးတစ်အိုးထဲ ထည့်ပြီးတော့ ပေါင်းခံ ထားလေတယ်။ တစ်ခဏလောက် ကြာပြီးတဲ့နောက် အရောအနှော ပေါင်းအိုးထဲကနေ အရသာရှိမယ့် ရနံ့တွေ မှော်ဆန်စွာ ထွက်ပေါ်လာလေတယ်။

အရသာ က အရမ်းကို လက်ဆက် နေမှာပဲ။

ချီဟန်က လျှို့ဝှက်စွာနဲ့ ပါးစပ် အပြည့် တံတွေးတွေကို မြိုချ လိုက်တယ်။ သူက ပုဇွန်တွေ မစားရတာ ကြာပြီ ဖြစ်လေတယ်။ မျိုးနွယ်စု ကန်ထဲမှာ မွေးထားတဲ့ ပုဇွန်တွေ ကလည်း ထုတ်ယူဖို့ အချိန်မကျ သေးဘူးလေ။

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now