အပိုင်း (65. 2)

1.3K 132 2
                                    

(65. 2)

လွန်ခဲ့တဲ့ နှစ်ရာပေါင်း များစွာ​လောက် က လူသားပုံစံကို ပြောင်းလဲ သန်စွမ်းတဲ့ ခွန်အား တွေ ရှိတဲ့ ပင်လယ်လူသားတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ လူသားပုံပြောင်းတဲ့အချိန် သန်မာတဲ့ ပင်လယ်လူသား ဆိုတာက ဂြိုဟ်သား အလား ရှားသွားခဲ့ပါပြီ။

အဲ့တာ က ပင်လယ်မျိုးနွယ်စု ရဲ့ ဆုတ်ယုတ်မှုလား ဒါမှမဟုတ် တစ်ခြားမျိုးနွယ်တွေနဲ့ လက်မထပ် ခိုင်းလို့လား တော့ သူလဲ မသိတော့ပေ။

'' ငါကတော့ မင်းကို ကုန်းမြေ သားရဲလူသား တွေ အကုန်လုံးကို စုစည်းဖို့ရာ အတွက် အကြံပြုချင်တယ်။ အကုန်လုံး အတူတူ အလုပ်ပေါင်းလုပ်မှသာ အောင်မြင်မှု ရနိုင်မှာပဲ ဖြစ်လေတယ်။ ''

ပင်လယ်မျိုးနွယ်စု စုန်းမ ပြောတာ တွေက အရမ်းကို မှန်လေတယ်။ ကုန်းမြေသားရဲတွေကို စုစည်းရုံတင်ပဲ။

တကယ်လို့သာ စစ်ပွဲ မရှိဘူးဆိုရင် အဲ့လိုကိုင်တွယ်ဖို့က အတော်လေး ခက်ခဲနေဆဲ ပဲ ဖြစ်လေတယ်။ တကယ်လို့ ဘေးအန္တရာယ် ဖြစ်လာမယ်ဆိုရင်လည်း အသုံးမဝင်ပေ။ အားနည်းတဲ့ သူတွေက အားကြီးတဲ့ သူတွေ အပေါ်ကို မှီခိုနေရတယ်လေ။

ဘေးအန္တရယ်က ကျရောက်လုနီးပါး ဖြစ်နေခဲ့ပြီ​လေ။

ဒီနှစ်ရဲ့ မိုးရာသီ က ရှည်လျားတယ် ဆိုတာကို ချီဟန် သတိရလေတယ်။ ပင်းရဲ့ပြောစကား အရ  မိုးရာသီ ကြာရှည်တယ် ဆိုရင် ဆောင်းရာသီ ကလည်း ကြာရှည်လိမ့်မယ်တဲ့လေ။ ဖြစ်နိုင်တာ က ဒီကိစ္စဟာ မျိုးနွယ်စုကို တိုးချဲ့ နိုင်မယ့် အခွင့်အရေး တစ်ခု ပဲ မဟုတ်လား။

'' ငါ မြွေမဲ နဲ့ ရင်ဆိုင် ခဲ့ရတုံးက လက်နက်အနည်းငယ်ကို တီထွင်ခဲ့သေးတယ်။ အဲ့လက်နက်တွေက ပင်လယ်လူသားတွေ နဲ့ဆိုရင် အရမ်း အသုံးဝင် နိုင်လိမ့်မယ် လို့တော့ ငါထင်မိတယ်။ ငါပြန်သွားတဲ့ အခါ လင်းယုန်သားရဲ လူသား တွေကို အဲ့တာ တစ်ချို့ ပို့ခိုင်းလိုက်မယ်လေ။ မင်းတို့လည်း ပြည့်ပြည့်စုံစုံ စီစဥ်ထားလို့ ရတာပေါ့လေ။ ''

ချီဟန် ပြောတဲ့ လက်နက်ဆိုတာက ပင်လယ်စုန်းမ အတွက်ကတော့ မှော်လက်နက်လိုပါပဲ။ သူက အစကတည်း က တွေ့မြင်လိုပြီးတော့ ကိုင်တွယ်ကြည့်ချင်နေတာ ကို သိတော့ ချီဟန်ကပဲ စတင်ပြီးတော့ မိတ်ဆက်လိုက်တာ ပဲ ဖြစ်လေတယ်။

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now