အပိုင်း (67. 1)

1.3K 100 1
                                    

(67. 1)

ဆောင်းရာသီ နီးကပ်လာတာ နဲ့ အမျှ မျိုးနွယ်စု စုပေါင်း အမဲလိုက်တာနဲ့ ကိုယ်ပိုင် အမဲလိုက်တာ တွေ အများကြီး ကို ပြင်ဆင်ပြီး သွားကြပြီ ဖြစ်ပြီးတော့ မနှစ်ကထက် တောင် အစာတွေက ၃ ဆ လောက် ပိုမို များပြား နေပါသေးတယ်။ တကယ်လို့ အခု ဆောင်းတွင်းက နှစ်ဆ လောက်ရှည်လည်း သူတို့ကတော့ လုံးဝကို ကြောက်နေစရာ မလိုတော့ပေ။

ဆောင်းရာသီရဲ့ အစပိုင်းမှာ ချီဟန်က လန်နဲ့ သူ့ရဲ့ လင်းယုန်လူတွေကို လုပ်ဖို့ တာဝန်တစ်ရပ် ပေးအပ်ခဲ့လေတယ်။ ဆောင်းတွင်းမှာ သွားလာရတာ က ခက်ခဲ ပြီးတော့ ကုန်းမြေ သားရဲလူသားတွေ က သွားလာဖို့ မသင့်တော်ပေ။

လင်းယုန်လူသားတွေက နေရာအသီးသီးက မျိုးနွယ်စု အသီးသီးရဲ့ ဧည့်ခန်းမ တွေ ဆီကို ပျံသန်းသွားပြီးတော့ သူတို့ဆီကို ချောင်ယွမ် မျိုးနွယ်ထံ လာပြီးတော့ ပူးပေါင်းခွင့် ကောင်းစွာ ပေးခဲ့ကြလေတယ်။

ဒီအကြောင်းပြချက်ကြောင့် လန်က အချိန်ကြာမြင့်စွာ ကတည်း က လိုချင်နေတဲ့ ညလင်းပုလဲ တစ်လုံး ရခဲ့ ပြီးတော့ သူ့ရဲ့ နောက်လိုက်ငယ်သားတွေ ကတော့ ပုလဲ လက်ကောက် နှစ်ကွင်းကို ရရှိခဲ့ ကြတယ်။

ဆောင်းရာသီရဲ့ ပထမ လ မှာပဲ လန် ရဲ့ သွားရောက်တွေ့ဆုံ မှုတွေက အနည်းငယ်ပဲ အကျိူးသက်ရောက်မှု ရှိလေတယ်။ သူက ပျံ့ကျဲ နေတဲ့ သားရဲလူသား တစ်ဒါဇင်လောက် ကိုပဲ ပြန်ခေါ်လာနိုင်ခဲ့လေတယ်။

ဆောင်းရာသီ စပြီး ၃ လ မြောက်ကျတော့ လန်နဲ့ တစ်ခြားသူတွေက ထပ်ပြီးတော့ နောက်တစ်ခေါက် ထွက်ကြလေတယ်။ ဒီတစ်ကြိမ်တော့ သူတို့က မျိုးနွယ်စု အသေးလေး လေးခု ကို ပြန်ခေါ်လာနိုင်ခဲ့တယ်။

မျိုးနွယ်စု အသေးလေး တစ်ခုစီမှာ လူအယောက် ၅၀၀ လောက်ရှိပြီးတော့ တစ်ချို့ ပျံ့ကျဲ နေတဲ့ သားရဲလူသားတွေ ပါ ပါလာခဲ့တယ်။

ဆောင်းရာသီ စပြီး ၆ လ ကြာတော့ လန်နဲ့ တစ်ခြားသူတွေက တတိယ အကြိမ် ထွက်ကြပြန်တယ်။ ဒီတစ်ကြိမ်တော့ သူ့အပြောကို စောင့်နေစရာ မလိုတော့ပဲ အလယ်အလတ်ရှိတဲ့ မျိုးနွယ်စု တွေ အကုန်လုံး နီးပါး က ချောင်ယွမ်မျိုးနွယ်စု ကိုလာခဲ့ ကြလေတယ်။

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now