အပိုင်း (76. 1)

849 81 1
                                    

(76. 1)

ချီဟန် ကလည်း စကားဝိုင်းကို အမှန်အတိုင်း ပြန်မဖြေ ခဲ့ပေ။ ရှောင်ပိုင်ပြောတာ ကလည်း မှန်ပါတယ်။

အခုက လက်နက်တွေ ကြီးစိုးနေပါပြီ။ ကိုယ်အရွယ်အစား ကွာခြားမှု က တိုက်ခိုက်မှု အင်အားအပေါ် အကျိုးသက်ရောက်မှု အနည်းငယ် ရှိနေပေမယ့် အဲ့တာက လုံးဝကို မသက်ရောက် နိုင်တာတော့ မဟုတ်ဘူးလေ။

သားရဲ လူသားတိုင်း က မိသားစု တိုင်းရဲ့ ကျောရိုးတွေ ပဲလေ။ ပြီးတော့ တစ်ယောက် မရှိတော့တာ နဲ့ မိသားစု တစ်ခု လုံး မပျော်ရွှင် ရတော့ဘူးလေ။

နောက်တစ်ချက် အရ ဆိုရင် ချီဟန် ခံစားမိတာက အခု ရှောင်ပိုင်က လုံးဝ ကို အားကိုးလို့ ရမယ့် သူ မဟုတ်ဘူး ဆိုတာ ပါပဲ။ သူက ပြင်းထန်စွာ ပြုမူ ခဲ့တယ်။ အခုတော့ သူက ဘယ်လိုအခြေအနေ မျိုးရောက် နေသလဲ ဆိုတာကို မသိရသေးဘူး ။

'' မင်းမှာ လူတွေ ဘယ်နှစ်ယောက် ရှိလဲ? ''

'' နဖူး.....''

ရှောင်ပိုင်က တစ်ခဏလောက် တည်သွားကာ ထို မေးခွန်းကို ဖြေဖို့ခက်ခဲ နေဟန် ပါပဲ။

'' သားရဲလူသား လောက မှာ ရေတွက်ဖို့က အတိအကျ ရေတွက်လို့မရဘူး။ သူတို့က မရေတွက်တက် ဘူးဆိုတာ ကို မင်းလည်း သိပြီးသား ဖြစ်မှာပါ ။ ကောင်းကင်ကျား မျိုးနွယ် က ကောင်းကင်မြွေမျိုးနဲ့ ကြယ်မျိုးနွယ်စုရဲ့ နှစ်ဆလောက် ရှိလောက်ပါတယ် ''

ခေတ်သစ်လူသား တစ်ယောက် အနေနဲ့ သူဟာ အလိုအပ်ဆုံး အခြေခံ အကျဆုံး ဖြစ်တဲ့ သူ့ကိုယ်သူ သိအောင် လုပ်ဖို့ကို ကျရှုံးခဲ့လေတယ်။ ပြီးတော့ ရန်သူတွေက တောင်မှ လာတိုက်ရဲ နေပြီ။

ဒါကို ကြည့်ခြင်းအားဖြင့် အခုရှောင်ပိုင် က ခေါင်းဆောင် ဖြစ်ဖို့ အရည်အချင်း မရှိဘူး။ ချီဟန် က မျက်မှောင်ကြုတ် လိုက်တယ်။ ရှောင်ပိုင် ​က အတော်လေး မလွယ်ကူဘူး လို့ ခံစားနေရတယ်။

'' ဘာလို့ သူတို့က မင်းရဲ့ စည်းမျဥ်းကို တော်လှန်နေရတာလဲ? ''

'' ကျွတ်စ်... ''

အခုချက်ချင်း ပဲ သူဟာ ချီဟန်ရဲ့ အခြေခံ အကျဆုံး မေးခွန်း နှစ်ခု မေးတာကို ခံလိုက်ရတယ်။

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now