အပိုင်း (82.2) [Final]

633 59 0
                                    

(82.2) [Final]

'' ရှောင်ပိုင် ၊ အဖေ ပြောတာကို နားထောင်ပါအုံး။ အဖေ က ကျားဖြူမျိုးနွယ် ခေါင်းဆောင်အဖြစ် တစ်ခဏပဲ တာဝန်ယူလိုက်ရတာပါ။ မင်းပိုပြီး အရွယ်ရောက် လာရင် မင်းကို အဖေ က အဲ့နေရာ ပြန်ပေး မှာပါ ''

'' ခများ က ကျုပ်အဖေ မဟုတ်ဘူး ။ ပြီးတော့ ခများပေးမှ ကျုပ်ရမှာ မဟုတ်ဘူး ။ ကျုပ်လိုချင်တာကို ကျုပ်ဘာသာ ဆုပ်ကိုင်နိုင်တယ်။''

ပင်း က မျိုးနွယ်စု စုန်းမ ရဲ့ စကားတွေကို မှတ်မိလေတယ်။ သူသာ ကောင်းကင် ကျားဖြူ ရဲ့ ခေါင်းဆောင် နေရာကို လက်မခံရင်တောင်မှ အဲ့နေရာ က ပိုင်တော့ မရနိုင်ပါဘူး တဲ့လေ။ သူက မကောင်းမှုတွေ လှုံ့ဆော်ကာ ရက်စက်ခဲ့ပြီးတော့ အာဏာရဲ့ အကျိုးအမြတ်ကို ရရှိဖို့သာ ဆောင်ရွက်ခဲ့ ကြပြီးတော့ သူက ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ လုံးဝ အရည်အချင်း မပြည့်ပေ။ ပင်း က သာ ယို့ကို သေချာလေ့ကျင့် သင်ကြားပေးရင်တော့ ယို့က မကြာခင်မှာပဲ အရည်အချင်း ပြည့်မှီသူ ဖြစ်လာမှာပါ။ မဟုတ်ရင်တော့ သူတို့မျိုးနွယ် က ပြိုကွဲ သွားတော့မှာပါ။

အရွယ်အစားချင်း ယှဥ်ရင် အတူတူ ဖြစ်နေပြီးတော့ ပိုင် က လက်နက် အားကိုးကာ ဒါ့ဂါ က အရှိန်မြင့် တာကြောင့် ဘယ်သူက အနိုင်ရမလဲ ဆိုတာကို အချိန်တိုအတွင်း ပြောဖို့ ခက်ခဲလေတယ်။

ပိုင် က ရက်စက်စွာ ထိုးနှက်နေပြီးတော့ တိုက်သမျှ ကလည်း အားအပြည့်နဲ့ သေကွင်းသေကွက်တွေ ချည်း တိုက်လေတယ်။ အချိန်အနည်းငယ် ကြာလာတာနဲ့ ဒါ့ဂါရဲ့ ကိုယ်ပေါ်မှာ အပေါက်သေးလေး တစ်ခု ပေါ်လာလေတယ်။ သူ့ရဲ့ အရှိန်ကြောင့် အဲ့ထဲက ရွှေရောင်သွေးတွေက က မျဥ်းကြောင်းတစ်ခု လို ဖြစ်နေခဲ့တယ်။

ချီဟန်က တကယ့်ကို ဒေါသထွက်နေ ပြီဖြစ်တဲ့ အတွက်ကြောင့် သူက လေးနဲ့ မြားကို ရှောင်ပိုင်ဆီ ချိန်လိုက်တယ်။

'' မလုပ်ပါနဲ့ ။ ကျေးဇူး ပြုပြီးတော့။ ''

ပင်းက ချီဟန်ကို ဆုပ်ကိုင်လိုက်တယ်။

'' စိတ်လျော့ထား ။ ငါက သူ့အသက်ကို ယူမလို့မဟုတ်ဘူး။ ငါ့ကိုယုံလိုက် ''

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now