(56. 1)
ချီဟန် က ရစ်ငှက် တစ်ကောင်ကိုသာ မျိူးနွယ်စု ထဲမှာ ကင်လိုက်လေတယ်။ ပြီးတော့ ကြက်လှောင်အိမ်ထဲ မှာလည်း ရစ်ငှက် အနည်းငယ်ပဲ ရှိလေတယ်။ သူက အဲ့တာ ကို စားဖို့ အတော်လေး တွန့်ဆုတ်နေခဲ့တယ်။
မွေးပျံတဲ့ အရသာ ရှိမယ့် ရနံ့က မျိူးနွယ်စု တစ်ခုလုံးကို ပျံနှံ့သွားပြီးတဲ့နောက် သားရဲလူသား တိုင်းက သူတို့ရဲ့ တွဲဖက်တွေ နဲ့ညှိ နှိုင်းခဲ့ ကြလေတယ်။ နောက်တစ်နေ့မှာတော့ သူတို့က တောင်ပေါ်ကို ရစ်ငှက်ဖမ်း ထွက်သွား ကြတော့တယ်။
ရက်အနည်းငယ်လောက် အလုပ်လုပ်ပြီးတဲ့နောက် မျိုးနွယ်စုထဲက အိမ်တိုင်းနီးပါး ကြက်အိမ်တွေ ဆောက်ပြီးတော့ ရစ်ငှက်တွေ မွေးမြူ ကြတော့တယ်။ ကောင်းမွန်တဲ့ မွှေးပျံတဲ့ အစားအစာကို သူတို့က စားချင်တာ ဖြစ်တဲ့ အတွက်ကြောင့် ပထမ ဆုံးခြေလှမ်း အနေနဲ့ အဲ့တာတွေကို သားများများပေါက် လာဖို့က အမှန်တကယ်ကို လိုအပ်လေတယ်။
ချန်းရှီးလေး ကလည်း အဲ့တာ ကို အထူးသဖြင့် ကြိုက်ပါတယ်။ ဒါပေမယ့် ကြက်ဥ နို့ပေါင်း က လွဲလို့ ဒုတိယ နေရာမှာပဲ ထားလေတယ်။ အဲ့အချိန်ကစပြီးတော့ နေ့တိုင်း အစာကျွေးမယ့် ဇယားထဲမှာ ရစ်ငှက် ဟင်းက ပါဝင်လာခဲ့တယ်လေ။
ချီဟန် က သူမကို အသားစ ကျွေးလာကတည်း က သူမဟာ ခရမ်းရောင် အမြစ်တွေကို စတင်ပြီး ခုခံလာပါတော့တယ်။ ဒီကောင်မလေး က တကယ့်ကို အသားပဲ စားလိုတဲ့ သတ္တဝါ လေးပဲ။ တကယ်လို့ သူမသာ အသားချည်းပဲ စားနေမယ် ဆိုရင် အစာခြေတဲ့ အခါ ခက်ခဲမှာကို ချီဟန်က စိုးရိမ်မိတယ်။ ဒါကြောင့် ခရမ်းရောင်အမြစ်ကို စားဖို့ တွန်းအားပေး ခံရတဲ့ အချိန်တိုင်းမှာ သူမလေးက စားရတဲ့ ခရမ်းရောင်အမြစ်အတုံးလေး တွေ အရေအတွက်အတိုင်း မျက်ရည် ပေါက်ပေါက် ကျပြီးမှ စားလေ့ ရှိတယ်။
တုံ က အဲ့တာ ကို မြင်ရတာ ထပ်ပြီးတော့ သည်းမခံ နိုင်တော့ပေ။
'' ထားလိုက်ပါတော့။ သူမ မှ မကြိုက်တာ မကျွေးပါနဲ့။ ကျွန်တော် ငယ်ငယ်တုံး ကတောင်မှ အစာဘယ်လောက် ငတ်ပြတ်နေပါစေ ခရမ်းရောင် အမြစ်ကို မစားကို မစားချင်ခဲ့တာ ။ အခုချိန်မှာလည်း အစာက ပျက်မှ မပျက်တာ။ ဒါကြောင့် သူမ အသားစား ချင်တယ် ဆိုရင်လည်း အသားပဲ စားပါစေ ''
![](https://img.wattpad.com/cover/325738356-288-k330032.jpg)
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...