အပိုင်း (66. 2)

1.4K 156 2
                                    

(66. 2)

တုံ က သူတို့နှစ်ယောက် အတူ ရှိနေတဲ့ အချိန်မှာ နေ့ခင်းတုံး က ကြားခဲ့ရတဲ့ ရှက်စရာကောင်းတဲ့ အသံတွေကို ပြန်တွေးမိလေတယ်။ တကယ်လို့ ဒီနေ့သာ မမှောင်သွားသေးရင် ရှက်စရာအသံတွေက တစ်အိမ်ပြီး တစ်အိမ် ထွက်လာကြ အုံးမှာပဲ ဖြစ်လေတယ် ။

တုံ က ဘာကိုမှ နားမလည်တဲ့ ကောင်လေး မဟုတ်တော့ပါပေ။ သူက လွန်ခဲ့တဲ့ ဆောင်းပြီး ကတည်း က အရွယ်ရောက်ခဲ့ ပြီး ဖြစ်ကာ အဲ့တုံး က သူ့ကိုယ်အခြေအနေကြောင့် ချီဟန်က နောက်ဆုံး ခြေလှမ်းကို တက်ခွင့်မပေးခဲ့ပေ။ ဒီညတော့ သူက ဘယ်လိုမှ ဆက်ပြီး မထိန်းထား နိုင်တော့ဘူးလို့ တုံ ခံစားလိုက်ရတယ်။

ချန်းရှီးလေး က အိပ်မော ကျသွားပြီးတဲ့နောက် တုံ က ချီဟန်ကို သူ့လက်မောင်းထဲ ထည့်ကာ သူ့ရဲ့ အိမ်စာတွေကို ညတိုင်း လုပ်လေ့ရှိတယ်။

နမ်းတယ် ထပ်ပြီးတော့ နမ်းတယ်။ ပြီးတော့ သူ့လက်ကို မသိလိုက်ပါပဲနဲ့ အောက်ဘက်ကို လျောဆင်းသွားလေတယ်။ သူတို့နှစ်ယောက် က အနွေးကုတင်ပေါ် မှာ အတူတူ အိပ်တာ အတော်ကြာနေပါပြီ။

သူတို့က မထိသင့်တဲ့ ဟာတွေကို ထိပြီးသွားပေမယ့် နောက်ဆုံးအဆင့်ကိုတော့ မတက်လှမ်းခဲ့ ပါသေးပေ။ တုံ က ဒီနေ့ည မှာ အရမ်းကို လွှမ်းမိုးနေခဲ့တာ ကို သူသိထားမိတယ်။ နောက်တော့ တုံရဲ့ လက်က မရောက်သင့်တဲ့ နေရာကို ရောက်သွားတာကို သူသိလိုက်ရတော့ သူက ချက်ချင်း ဆုပ်ကိုင်လိုက်ကာ အသံတိုးတိုးလေး နဲ့ ပြောလာခဲ့တယ်။

'' ဘာလို့လဲ မင်းက အခုမှ အရွယ်ရောက်လာ တာပဲ ရှိသေးတယ်။ ခဏလောက်စောင့် ပါအုံးလား ''

တုံ က လေးလံစွာ အသက်ရှုနေပြီးတော့ လှိမ့်လိုက်ကာ ချီဟန်ကို ဖိထားလိုက်လေတယ်။

'' စောင့်နေစရာ မလိုတော့ဘူး။ ကိုယ် က အရွယ်ရောက်နေပြီ။ ကိုယ် စောင့်နေခဲ့ရတာ အရမ်းကို ကြာနေပြီ။ အရမ်းကို ကြာလှနေပြီ။ အားဟန် ကိုယ့်ကို ပေးပါတော့ ကိုယ့်ကို ပေးပါတော့! ''

'' မဟုတ်ဘူး ၊ မဟုတ်ဘူး မင်းက အရမ်းငယ်သေးတယ်။ နောက်ပြီး အွန်း........အွန်း.....  ''

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now