Extraယို့ က ပြောတယ် ဒီလိုမျိုး လူတွေ အများကြီး ရှိတဲ့ နေရာ ကို မျိုးနွယ်စုလို့ ခေါ်တယ်တဲ့။
သူက မျိုးနွယ်စု ထဲ ပြန်လာရလို့ ပျော်နေပေမယ့် ကျွန်တော် ကတော့ မပျော်ပါဘူး။
မျိုးနွယ်စု ထဲက ကလေးတိုင်း က သားရဲပုံ ပြောင်းလို့ ရတယ်။ ကျွန်တော် ကတော့ ပြောင်းလို့ မရဘူး။
မျိုးနွယ်စု ထဲက သားရဲလူသားပေါက်စ တိုင်းဟာ အဖေနဲ့ အမေ ရှိကြပေမယ့် ကျွန်တော် မှာတော့ မရှိဘူး ။
ကျွန်တော် က ယို့ကို ကျွန်တော် ရဲ့ အဖေလား လို့မေးတော့ သူက မဟုတ်ဘူးလို့ပဲ ပြန်ဖြေတယ်။ ဒါကြောင့် ကျွန်တော့် အဖေ ဘယ်မှာလဲ လို့ သူ့ကို မေးတဲ့ အခါ ယို့က သူလည်း မသိဘူး လို့ပဲ ပြောတယ်။
ကျွန်တော် အရမ်း ဒေါသ ထွက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဒေါသထွက်သလား မထွက်ဘူး လား ဆိုတာကိုတော့ ဘယ်သူကမှ ဂရုစိုက် မနေခဲ့ပါဘူး။
ကျွန်တော် က တစ်ခြား လူတွေ ကျွန်တော့်ကို အာရုံစိုက်တာ မျိုး လိုချင်ပေမယ့် ယို့က လွဲလို့ ဘယ်သူ ကမှ ကျွန်တော် ကို မမြင်ရသလိုပဲ ဆက်ဆံ ကြတယ်လေ။
ငါက ဘာလို့ သူများတွေနဲ့ ကွဲပြားနေတဲ့ တစ်ယောက် ဖြစ်နေတာ လဲ ဆိုတာကို ငါ မသိပေ။ ပြီးတော့ သူများတွေမှာ ရှိတာက သူ့ဘာမှာလို့ မရှိရတာလဲ ဆိုတာကိုလည်း နားမလည် ခဲ့ဘူး။
ငါက သူတို့တွေ ပြောတဲ့ မသန်မစွမ်း ဆိုတာကို ကြားခဲ့ရတယ်။
တဖြေးဖြေး နဲ့ မသန်မစွမ်း ဆိုတဲ့ အဓိပ္ပာယ် ကို ငါနားလည်လာခဲ့ ပါတယ်။
ငါက ငါ့ရဲ့ ကိုယ်တည်ဆောက် ပုံကို မုန်းတီးပြီးတော့ ငါ့ကို စွန့်ပစ် သွားတဲ့ အဖေ ကိုလည်း မုန်းမိတယ်။ အမေ့ကိုရောပဲ။ သူတို့က ငါ့ကို မွေးပေးလို့ မုန်းတီး မိတယ်။
ငါက ပုံစံမပြောင်း နိုင်တာကြောင့် ဘယ် သားပေါက်လေး တွေကမှ ငါနဲ့ အတူတူ မကစားချင်ကြဘူး။ သူတို့ပြောတာ ကတော့ ငါက ပုံမပြောင်း နိုင်တာ မလို့ ငါဟာ အထီး တစ်ကောင် မဟုတ်သလို သားရဲတစ်ကောင် လည်း မဟုတ်ပါဘူးတဲ့လေ။
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...