(70. 2)
'' ငါတို့ ရဲ့ သတိ တွေကို လျော့ချ လိုက်လို့ မရဘူး။ ကျင်း မင်း အပြန်ကို အုပ်စု ခေါ်သွားပြီးတော့ သေချာ စစ်ဆေးမှု ကို စလုပ်ပါ။ တိုက်ကွန်းခ် တိုက်ရဲ့ နေရာက အရမ်းကို ကျယ်ပြန့်တယ်။ ဆိုတော့ စစ်ဆေးမယ့် နေရာတွေကို လျော့ချ လိုက်ပြီးတော့ အဓိ က ငါတို့ မျိုးနွယ်စုရဲ့ အခွဲနေရာတွေကို စစ်ဆေးလိုက်ပါ။ အဲ့နေရာ နှစ််ခုကို သေချာပေါက် လုံခြုံအောင် ထားရမယ်။ ''
'' ကောင်းပြီ ''
'' တုံ၊ မျိုးနွယ်စုမှာ ညဘက် ကင်းလှည့်တာ ကို ပြန်လုပ်ပါ။ ပြီးတော့ လက်နက်တွေ ကိုလည်း စလုပ်ပါ။ တစ်ယောက် တစ်ခု ရှိတယ် ဆိုရင်ပိုကောင်းတယ် ''
'' အင်း ''
'' တကယ်လို့ သူတို့ရဲ့ အရေအတွက် က ဆက်ပြီး မချဲ့နိုင်ရင် သိပ်ပြီးတော့ ကြောက်နေစရာ မလိုဘူး။ ပင်း ၊ လမ်းမ ဆောက်တဲ့ နေရာမှာ အားတွေ အကုန်ထည့်ပါ။ ခြောက်သွေ့ရာသီ မတိုင်ခင် ပငျလယျကျို သွားတဲ့ လမ်း က ပေါက်နေပါစေ ''
'' ကောင်းပြီ ''
'' သားရဲလူသားတွေကို ရေကူးသင်ပေး ပြီးရင် အမျိုးသမီး တွေ ၊ သားရဲတစ်ဝက်တွေနဲ့ သားပေါက်လေး တွေကိုပါ ရေးကူးသင်ပေးလိုက်ပါ။ ဒီကိစ္စ ကို မင်းဆီကိုပဲ လွဲထားလိုက်မယ် နော် ပိုင်၊ ''
'' ပြဿနာ မရှိပါဘူး ။ ''
ချီဟန်ရဲ့ ဗိုက်က တဖြေးဖြေးနဲ့ ပိုကြီးလာခဲ့တယ်။ သူက အမြဲတမ်း ခံစား ရတာက သူ့ရဲ့ ဗိုက်ထဲမှာ ကလေးက တစ်ယောက်ထက် ပိုတယ် ဆိုတာကို အမြဲတမ်း ခံစား မိလေတယ်။ အမေ အများကြီး ကတော့ အဲ့ထဲမှာ ကလေး ၂ ယောက် ပါတယ်လို့ ပြောကြလေတယ်။
ချီဟန်က အခု ကောင်းကောင်း မစားနိုင်တဲ့ အတွက်ကြောင့် သူက အရမ်းကို စိတ်ပျက်နေခဲ့လေတယ်။ အဲ့ဒါ ကလည်း သူ ထိန်းချုပ်လို့ ရနိုင် တဲ့အရာ မဟုတ်ပေ။
ကိစ္စတွေ အများကြီး လုပ်စရာ ရှိတဲ့ အတွက်ကြောင့် ချီဟန် က ခုန်းအကြောင်း တွေးမိလို့ စိတ်ပျက်မိပေမယ့် လမ်းဆောက်ပြီး ပြန်ပြင်ဆင် ပြီးစီးတဲ့ အထိ လုပ်ပြီးကာမှ ပဲ သူ့ကို ရှင်းလင်းနိုင်တော့မှာပဲ ဖြစ်လေတယ်။
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...